ဘယ်လိုဘယ်ကဲ့သို့ ရွှီးထားကြောင်းကို စာဖတ်ပရိသတ်များ မသိချင်ဘူးလားဗျာ….. ကျတော်ကတော့ မဟုတ်မမှန်တဲ့သိုင်းဝတ္ထူဆန်ဆန်ရွှီးထားသော် ဗုဒ္ဓကျမ်းဂန်များကို ဖော်ပြရေးသားဟားသွားမပါ…..
အယင်းဦးဆုံး အောက်ပါဖော်ပြထားတဲ့ လင့်ဂ်များဆီကို သွားရောက်ဖတ်ရှုကြည့်ပါ…..
http://www.dhammaflavour.net/2009/10/blog-post_1187.html

http://snd677.blogspot.com/2009/10/blog-post_17.html

http://tknn.org/index.php?topic=167.0

http://www.dhammayaungchi.com/2009/10/blog-post_17.html

လူတို့ပြည်မှ မြင်ရသော သူရိယ ၀ိမာန နေဗိမာန် သည် ယူဇနာ (၅၀) စန္ဒ ၀ိမာန- လဗိမာန်သည် (၄၉ ) ယူဇနာကျယ်ဝန်းပေသည်။ (မှတ်ချက် = ယခုခေတ် မိုင်အနေဖြင့်တစ်ယူဇနာသည် ( ၈ )မိုင်၊ (၁၂ )မိုင်ရှိသည် ဟုအယူအဆကွဲနေပေသည်၊ ) နေ လတို့သည် လူတို့ပြည်မှ ယူဇနာ= ၄၂၀၀၀ မြင့်သော ကောင်းကင်၌ တည်ရှိနေကြ၏။
အန္တော - ကနက ၊ အပကား ဖလ်၊ နေဗိမာန်
အန္တော -မဏိ၊ ဗဟိ ရဇတာ၊ လစန္ဒရာ -
ဟု ရှေးရှေး ဆရာတို့ကမှတ်ရလွယ်အောင် လင်္ကာစပ်ဆိုတော်မူခဲ့ကြသည်။နေဗိမာန် သည်အတွင်း၌ ရွှေအတိ ပြီး၍ အပြင်အပကား ဖလ် အတိပြီး၏။ လဗိမာန်၏ အတွင်း၌ ပတ္တမြား အတိပြီး၍ အပြင်အပ ကား ငွေအတိပြီးသည် ဟူ၏။ နေနတ်သား လနတ်သား တို့သည် အခြွေအရံ့နှင့်တကွ နေကြ လေသည်၊ ကြယ်တာရာ - နက္ခတ်အပေါင်းတို့သည်လည်း နတ်သားနတ်သမီးတို့၏နေရာ ဘုံဗိမာန်တို့ပင် ဖြစ်ကုန်၏၊ ကုသိုလ်ကံ အားကောင်းသူတို့သည် ထိုဗိမာန်တို့ကို အထင်အရှားမြင်ကြရ၍ ထိုနတ်ဘုံတို့၌ ဖြစ်ကြရကုန်၏။
ကျမ်းကိုး။ ။ ကုဉ္စရ ၀ိမာနနတ်သမီးဝတ္ထု၊ ပီဋ္ဌ၀ဂ်၊ ၀ိမာန၀တ္ထုပါဠိတော်။
နေဗိမာန် သည် ယူဇနာ (၅၀) စန္ဒ ၀ိမာန- လဗိမာန်သည် (၄၉ ) ယူဇနာကျယ်ဝန်းပေသည်။


ကဲ တွက်ကြစို့ ချက်ကြစို့။
နေက အဘယ်မျှလောက်ကျယ်ဝန်းသည်ကို မသိရသော်လည်းဘဲ လထက၊် ကမ္ဘာထက် အဆပေါင်းများစွာ ကျယ်ဝန်းသည်ကို လူတိုင်း သိရှိထားပြီး ဖြစ်ပါတယ်….ဒါပေမဲ့ ဗုဒ္ဓကျမ်း(သိုင်းဝတ္ထူ)၌ ဖော်ပြထားသည့်က နေ၏ အကျယ်အဝန်းနှင့် လ၏ အကျယ်အဝန်းသည် တစ်ယူဇနာပဲ ကွာခြားပါတယ်….. (အေးလေ သိပ္ပံပညာရှင်များ မှားယွင်းတာနေမပေါ့လေ ဟားဟား)

လောလောဆဲ ကျတော်တို့သိထားသော် လဗိမာန်၏ အကျယ်အဝန်းကို မိုင်ဖြင့် ဖော်ပြချင်ပါတယ်….
(သိပ္ပံပညာရှင်များ ဖော်ပြထားသည့် လ၏အကျယ်အဝန်း)
လသည် (3476km) ကျယ်ဝန်းပါသည်….တွက်ချက်ရတာ လွယ်ကူနိုင်အောင် မိုင်ဖြင့် ဖော်ပြသည့်အခါမှာ 2161 miles (၂၁၆၁ မိုင်) ကျယ်ဝန်းပါသည်။ (ဒါက သိပ္ပံပညာရှင်များ၏ အဆို)
(ဗုဒ္ဓဘာသာများရွှီးလုံးထုတ်ထားသော် လ၏အကျယ်အဝန်း)
လသည် (၄၉)ယူဇနာ ကျယ်ဝန်းပါသည်…..တွက်ချက်ရတာ လွယ်ကူနိုင်အောင် မိုင်ဖြင့် ဖော်ပြသည့်အခါမှာ အရင်ဆုံး ကျတော် (၄၉)ယူဇနာကို (၈)မိုင် နဲ့ပဲ မြှောက်ကြည့်မယ်…..
49 x 8 = 392 မိုင်ရရှိပါသည်။ သို့ပါသော်ကြောင့် လ၏အကျယ်အဝန်းသည် ၃၉၂ မိုင်ကျယ်ဝန်းပါသည်။
သိပ္ပံအဆို = ၂၁၆၁ မိုင် (လ၏အကျယ်အဝန်း)
ဗုဒ္ဓဘာသာကျမ်းအဆို = ၃၉၂ မိုင် (လ၏အကျယ်အဝန်း)

ဘယ်လောက်တောင် ကွာပါသလဲ ဧည့်ပရိသတ်များခင်ဗျာ ကျေးဇူးပြု၍ ဖြေပေးကြပါ…..
၁၇၆၉ မိုင် ကွာပါတယ်….. အင်းမဖြစ်သေးပါဘူးလေ ဒီလောက်ကွာခြားနေလျှင် လူတွေဝိုင်းဟားတော့မပဲ…..
ကျတော် ဗုဒ္ဓဘာသာဝင်များကို အမြဲအလိုလိုက်ခဲ့ပါတယ်….. မြင့်မိုရ်တောင်ကို မတန်တဆ ရွှီးထားလိုက်တာ ကမ္ဘာထက်တောင်ကြီးနေသေးတယ်….ငရဲပြည်လည်း မတန်တဆ ၇ွှီးထားလိုက်ပြန်ေ၇ာ…. ဒါပေမဲ့ ကျတော် နီးစပ်နိုင်အောင်လို့ ၁ ယူဇနာ ကို (၈) မိုင်နဲ့ ပဲမြှောက်ပေးခဲ့ပါတယ်….. အခုတော့ ရွှီးထားတာ လိုသေးတော့ ၈ မိုင်နဲ့မြှောက်ကြည့်တာ အဆင်မပြေဘူး။ ကျတော်တို့က ဗုဒ္ဓဘာသာဝင်များကို အလိုလိုက်ပေးရမယ်လေ…. ဒါကြောင့် ၁၂ မိုင်နဲ့ တညီတညွှတ်မြှောက်ပေးလိုက်ရအောင်…..
၄၉ X ၁၂ = ၅၈၈ မိုင် ရရှိပါတယ်…
သိပ္ပံပညာရှင်များ ဆိုထားတာ ဘယ်လောက်တုန်းဗျာ….
၂၁၆၁ မိုင်
ဗုဒ္ဓဘာသာကျမ်းက ရွှီးထားတာ ဘယ်လောက်တုန်းဗျာ….
၅၈၈ မိုင်

ဘယ်လိုလုပ်ရမလဲ ကျတော်မသိတော့ဘူး ဟားဟား (ဒိုးလုံးသီချင်းနဲ့ ရောကုန်ပါပြီ)
နေက ယူဇနာ (၅၀) ကျယ်ဝန်းသည့်ဟု ဗုဒ္ဓဘာသာကျမ်းက ဆိုထားလိုက်သည့်အခါ ကမ္ဘာထက် များစွာသေးငယ်ပါသည်…. နေ၏ အကျယ်အဝန်းကို မိုင်ဖြင့် ဖော်ပြရာမှာ မိုင် (၆၀၀) ကျယ်ဝန်းပါသည်
၅၀ x ၁၂ = ၆၀၀ မိုင် (မြန်သွားအောင် ၁၂ မိုင်နဲ့ပဲ မြှောက်ပေးလိုက်တော့မည် နည်းနည်းပါးပါးနီးစပ်တော့လည်း နည်းသလားဗျာ)
သိပ္ပံပညာ၇ှင်များ မှန်းဆချက်အရ နေသည် ကမ္ဘာထက် အဆပေါင်း ၁၀၀ ကျယ်ဝန်းသည်ဟု ဆိုထားပါသည်….. ကမ္ဘာမြေကြီးသည် အီကွေတာ(အလယ်ဗဟိုအမှတ်)မှ စက်ဝိုင်းသဏ္ဍန်ဝိုင်းလိုက်လျှင် ၇၉၂၆၄၁ မိုင်ကျယ်ဝန်းပါသည်။ နေ၏ အကျယ်အဝန်းကို သိဖို့ရာ ကမ္ဘာမြေကြီး၏ အကျယ်အဝန်း ၇၉၂၆၄၁ မိုင်ကို ၁၀၀ နှင့်မြှောက်လိုက်ရယင်တော့?????????……..
၇၉၂၆၄၁ x ၁၀၀ = ၇၉၂၆၄၁၀၀ ခန့်မှန်းချေ (နေ၏အကျယ်အဝန်း) <<<< သိပ္ပံအဆို ၅၀ x ၁၂ = ၆၀၀ မိုင် (နေ၏အကျယ်အဝန်း) <<<<< ဗုဒ္ဓဘာသာကျမ်းအဆို

နည်းနည်းလေးတော့ လွဲနေတယ် (ထူးအိမ်သင်ရေ နည်းနည်းလွဲတာမဟုတ်ဘူးဟ)

အိုး သွားစမ်းပါ ရွှီးတာတွေ များနေပြီ ကွာ ဖတ်လာရတဲ့ဗုဒ္ဓကျမ်း ဒါမျိုးတွေကြီးပါ (စိုင်းစိုင်းအခေါ် - ဦးချစ်ကောင်း ဦးချစ်ကောင်း)

ပါးစပ်ပိတ် ကျိတ်မှိတ် ငါနားလည်ပေးမယ် ရွှီး….ရွှီး နည်းနည်း ရွှီး နည်းနည်းလေပဲ ရွှီးပေါ့ကွယ်… (ဝိုင်ဝိုင်းအခေါ် - ကိုမျိုးကြီး) မပြီးသေးပါဘူး…….ဆက်လက်ဖတ်ရှုပါအုံး
နေဗိမာန် သည်အတွင်း၌ ရွှေအတိ ပြီး၍ အပြင်အပကား ဖလ် အတိပြီး၏။ လဗိမာန်၏ အတွင်း၌ ပတ္တမြား အတိပြီး၍ အပြင်အပ ကား ငွေအတိပြီးသည် ဟူ၏။ နေအကြောင်းတော့ ဘာနဲ့လုပ်သလဲတော့ ကျတော်လည်း မပြောတတ်ဘူးလေ …. ကျတော်တို့သိနိုင်တဲ့ လဗိမာန်အကြောင်း ကိုညွှန်းဆိုထားသည်မှာ အတွင်းကို ပတ္တမြားအပြည့် နဲ့စီချယ်ထားပြီး အပြင်ကို ငွေနဲ့ နေရာလပ်မရှိ စီချယ်ထားသည်ဟု ဆိုထားပါသည်……
ကျနော်တို့ ငယ်ရွယ်စဉ်က စာသင်ဖူးခဲ့တာ လမှာ ကိုယ်ပိုင်အလင်းရောင်မရှိချေ။ နေ၏အလင်းရောင်ကို ရရှိပြီးမှ အလင်းကို ထွန်းလင်းနိုင်ကြောင်းဖြစ်ပါသည်ဟု သင်ခဲ့ဖူးပါတယ်….. သြော် ဂေါတာမ ဂေါတာမ မင်းကလေ လူတွေမသိနိုင်ပါဘူးဆိုပြီ ရွှီးထားလိုက်တာ မင်းရဲ့ဗုဒ္ဓဒုက္ခသည်ဘာသာကတော့ အရှက်တွေရနေပါပြီ..... နေကျတော့ အဝါရောင်သန်းတော့ ရွှေနဲ့ပြုလုပ်ထားတယ်လို့ ရွှီးလိုက်တယ်ဗျာ…. လကျတော့ ငွေရောင်အလင်းသန်းတော့ ငွေနဲ့ပြုလုပ်ထားတယ်ဆိုပြီ ရွှီုးလိုက်တယ်ဗျာ……
အခုမျက်မှောက်ခေတ် လကမ္ဘာပေါ်ခြေချတဲ့သူများကို လကမ္ဘာပေါ်မှာ ပတ္တမြားများ၊ငွေသတ္တူများ တွေ့မိသေးလာလို့ မေးပေးကြပါ ။ ချီချီတတ် ကြွယ်ဝချမ်းသာချင်ပါသလား လကမ္ဘာပေါ်မှာ မြေဝယ်ထားကြပါ…… ယခုလက်ရှိငွေအရင်းအနှီးအနည်းငယ်စိုက်၍ ငွေအလုံးအရင်းရ၇ှိနိုင်ဖို့ရာ လပေါ်မှာ မြေကွက်လပ်များကို အထူးလျော့ဈေးဖြင့် ရောင်းချပေးနေပါပြီ…..


Latest news
(ဒီစာ့ကို အဆုံးထိဖတ်၍ ရီမောကြသူများ အသက်ရှည်အနာရောဂါကင်း ချမ်းသာကျန်းမာကြပါစေ)

