Sunday, April 18, 2010

စာသင်တာလား?မုဒိမ်းကျင့်တာလား?(သို့) တရားကျင့်တာလား?မုဒိမ်းကျင့်တာလား?

ဗုဒ္ဓဘာသာဘုန်းကြီးတွေက တကယ်ကျင့်တာ သူ့တပါးနဲ့တမူထူးခြားစွာ ကျင့်ကြံအားထုတ်ကြတယ်... ကျင့်တော့ကျင့်တယ် တရားတော့မဟုတ် မုဒိမ်းကျင့်တာ....
gelakguling

ဒီသတင်းက တော်တော်ကြီးကိုဟောင်းနေပါပြီ....ဒါပေမဲ့ မဖတ်မသိလိုက်ရသော် စာဖတ်ဧည့်ပရိသတ်များကို သိစေလိုရည်ရွယ်ချက်ဖြင့် တင်ပြလိုက်ပါတယ်....ပေးပို့သူမှ ပေးပို့ထားလည်း ကြာပါပြီ...(ကိုယ်တော်ချော)ကျတော် မှ မတင်ဖြစ်သေးတာ ဖြစ်ပါတယ်....ဒီသတင်းကို ကျနော်အခုဖော်ပြတော့ ညင်းခုံကြအုံးမဲ့ စိတ်ချ ဒီသတင်းကြီးက ကြာပါပြီကွာ...တစ်ဦးတစ်ယောက်ကြောင့် ဒို့သာဿနာဘာမှမဖြစ်ဘူးဆိုပြီး ဆင်ခြေဆင်လက်တွေပေးတော့မယ်...

အကြောင်းကို သေသေချာချာ ဖတ်ကြည့်ရတဲ့ အခါမှာ နအဖအစိုးရရဲ့ မူကိုသေသေချာချာ တွေ့မြင်လာရတယ်....ဘုန်းကြီးတွေကို “ မင်းတို့ကြိုက်တာလုပ် ငါတို့ကို မထိခိုက်နဲ့ ငါတို့ကို မစော်ကားနဲ့ ဒါငါတို့မူပဲ ငါတို့ကို စော်ကားလာလို့ ငါတို့ရိုက်နှက်ဖမ်းဆီးထောင်ချရတာ မင်းတို့ မိန်းခလေးတွေကို မုဒိမ်းကျင့်တာ မင်တို့လူသတ်တာ မင်းတို့ဖာချတာ မင်းတို့ရမ်းကားစော်ကားတာတွေ ငါတို့ မင်းတို့အပေါ်မှာ ဘာတစ်ခုအရေးယူခဲ့သလဲ ” ဆိုပြီး ပေါ်တင်ကြီးသာ မပြောတာပါ...

တကယ့်ကယ်တမ်းကြတော့ ဒီလိုလုပ်နေတာမဟုတ်ဘူးလား.....ငနာဘုန်းကြီးတွေကို အာဏာခွဲဝေပေးထားပါတယ်.....ဒီဘုန်းကြီးတစ်ကောင် မုဒိမ်းကျင့်တဲ့ ကလေးမတွေရဲ့ အသက်တွေကိုကြည့်ပါအုံး တစ်ယောက်က (၈)နှစ် တစ်ယောက်(၁၀)နှစ် ဒီကလေးတွေကို သား၊ မယားအဖြစ် တသက်လုံးအိုအောင်မင်းအောင် ပေါင်းသင်းတာလည်း မဟုတ်ဘူး....မုဒိမ်းကျင့်လိုက်တာ တကယ်ဆိုးတယ်...

ဘယ်လိုလုပ်မလဲ..စာရေးသူအနေနဲ့ သားမတ်မတ်၊ မယားမတ်မတ် ပေါင်းသင်းယူလိုက်တယ်ဆို လက်ခံပေးလိုက်အုံးမယ်....အစိုးရက ဖမ်းဆီးလိုက်လား???? ထောင်ချလိုက်လား???? အခုမုဒိမ်းကျင့်ခံရတဲ့ ခလေးမလေးတွေက ဗုဒ္ဓဘာသာ...ကျန်တဲ့ ဘာသာဝင်များသာ ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ....တရားစွဲမိလို့ အသရေဖျက်မူနဲ့ စွဲတဲ့သူတောင် ပြန်တရားစွဲမလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်....

ဒီလိုသတင်းမျိုး အမှန်အတိုင်းဖော်ပြပေးကြပါလို့ မီဒီယာသတင်းဌာနမှ ပုဂ္ဂိုလ်များကို ကျတော်(ကိုယ်တော်ချော)မှ တောင်းဆိုလိုက်ပါတယ်.....အောက်ကသတင်းအမှန်ကို ဖတ်ရှုလိုက်ကြရအောင်

ဆရာတော်တပါး ကျောင်းသူလေးများအား အဓမ္မပြုကျင့်
ကြာသပတေးနေ့၊ ဂျူလိုင်လ ၁၆ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၂၃ မိနစ်

မူလတန်း ကျောင်းသူလေးများကို အဓမ္မ ပြုကျင့်သည့် မိတ္ထီလာမြို့နယ် ကျေးရွာတရွာမှ ကျောင်းထိုင်
ဆရာတော်တပါးကို မြို့နယ်ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်း ကလေးများ၏ ဆွေမျိုးများက ပြောသည်။

မိတ္ထီလာမြို့နယ် ဂဠုန်ကုန်းကျေးရွာအုပ်စု ဂဠုန်ကျေးရွာမှ ‘ရွာဦးကျောင်း’ ကျောင်းထိုင်ဆရာတော် (သက်တော် ၄၁ နှစ်) သည်အမှတ် ၆၉ မူလတန်းကျောင်း ကျောင်းသူ အသက် ၈ နှစ်နှင့် ၁ဝ နှစ်ရှိ ကလေးငယ် နှစ်ဦးအား အဓမ္မ ပြုကျင့်ခဲ့သဖြင့်
ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။

“အင်္ဂလိပ် ၆ လ (ဇွန်လ) ၂၂ ရက်နေ့က သမီးကို အဲဒီလို လုပ်ခံရတာပါ။ ၃ နာရီလောက်မှာ ကျမ တောထဲကနေ ပြန်လာတော့ သမီးမျက်နှာမသာမယာ ဖြစ်နေလို့ ဘာလို့ ငိုထားရတာလဲလို့ မေးတော့ သမီးကို ဘုန်းကြီးက အဓမ္မ လုပ်တယ်ဆိုတာ ပြောပြတယ်” ဟု ကလေးမတဦး၏ မိခင်က မဇ္ဈိမကို ပြောသည်။

ယခု ဖြစ်ပွားမှုအား ယခင်လ ၂၃၊ ၂၄ ရက်နေ့များတွင် ဂဠုန်ကျေးရွာရှိ ဆယ်အိမ်မှူး ဦးချစ်ထွေး၊ ဦးမြင့်လှိုင်နှင့် ရဝတ ဦးစံဝင်းတို့ကို တိုင်ပင်ကာ ဇွန်လ ၂၅ ရက်နေ့တွင် မိတ္ထီလာ အမှတ် (၁) ရဲစခန်းသို့ ကလေးငယ် နှစ်ဦးနှင့်အတူ မိဘများက သွားရောက်တိုင်ကြားခဲ့သည်။ သို့သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိသောကြောင့် ဇွန်လ ၃ဝ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံ တိုင်ကြားခဲ့သည်။

ဇူလိုင်လ ၁ ရက်နေ့တွင်မူ ယင်းရဲစခန်းမှ ရဲတပ်ကြပ်ကြီး ကျော်စွာဝင်းက ဂဠုန်ကျေးရွာသို့ သွားရောက်၍ အဓမ္မကျင့်ခံရသည့် ကလေးငယ်များ၏ မိဘများအား စစ်ဆေးခဲ့သော်လည်း ယနေ့ထိ ပြစ်မှုကျူးလွန်သည့် ဆရာတော်အား ခေါ်ယူစစ်ဆေးခြင်း မရှိသေးပါ။

“ဒီနေ့ ၁၆ ရက်တောင် ရောက်သွားပြီ။ လူမှုရေးလည်း လက်တွေ့ ခံထားရတယ်။ ကလေးက ကျောင်းလည်း မသွားချင်။ အများကြီး နစ်နာနေတယ်လေ။ နိုင်ငံတော်ရဲ့ တည်ဆဲ ဥပဒေအရ တင်ပြလိုက်တာလေ။ ဒီအမှု အမှန်ကိုလည်း အမြန်ဆုံး ဆောင်ရွက်ပေးစေချင်တယ်” ဟု ကလေးငယ်တဦး၏ ဦးလေးဖြစ်သူက မဇ္ဈိမကို ပြောသည်။

ရဲစခန်းသို့ အမှုအခြေအနေသိရှိနိုင်ရန် သွားရောက်စုံစမ်းသော်လည်း စခန်းမှူးက အမှုအား စစ်ဆေးနေဆဲဖြစ်ပြီး အမြန်ဆုံးဆောင်ရွက်ပေးမည်ဟုသာ ဖြေကြားခဲ့သည်ဟု သူက ပြောသည်။

မိတ္ထီလာမြို့နယ် အမှတ် (၁) ရဲစခန်းသို့ မဇ္ဈိမက မေးမြန်းရာ တာဝန်မှူး ဒုရဲအုပ်ဆိုသူက “ဘုန်းကြီးတွေနဲ့ ကလေးတွေ ကိစ္စလား။ အမှုဖွင့်ထားတယ်လို့ သိရပါတယ်ခင်ဗျာ။ ကျန်တာတော့ မသိဘူးခင်ဗျာ” ဟု ပြန်လည်ဖြေကြားသည်။

ဇွန်လ ၂၂ ရက်နေ့တွင် ကလေးမနှစ်ဦးအား ဆရာတော်က စာသင်နေချိန်တွင် တီဗီ အခန်းတွင်းသို့ ခေါ်ယူကာ အဓမ္မ ပြုကျင့်ခဲ့သည်ဟု ကာယကံရှင် ကလေးမတဦးက ပြောသည်။

သမီးကို လုပ်တာ ၁ဝ ကြိမ်ကျော်ပါတယ်။ ဦးဇင်းက အမေကို တိုင်ရင် ရိုက်မယ်၊ သတ်မယ်လို့ ပြောတယ်။ ဒါကြောင့် အမေကို မပြောရဲတာ။ သမီး သူငယ်ချင်း ၄ ယောက်ကိုလည်း လုပ်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ကျောင်းအုပ် မရှိသည့် ယင်းကျောင်းတွင် ကျောင်းသူ-သား ၆ဝ ကျော်ရှိပြီး ဆရာ ၂ ဦးသာ ရှိသောကြောင့် ဆရာတော်က ကလေးငယ်အချို့ကို စာသင်ကျောင်းနှင့် ကိုက် ၁ဝဝ ကျော်ခန့်အကွာရှိ ဘုန်းကြီးကျောင်းတွင် စာသင်ကြားပေးနေခြင်း ဖြစ်သည်။

ကလေးမ နှစ်ဦးအား ယခုလ ၂ ရက်နေ့က မိတ္ထီလာ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ပြုလုပ်ရာ တာဝန်ရှိ ဆရာဝန်က ကလေးနှစ်ဦးအား ကျန်းမာရေး ဂရုစိုက်ပေးရန်သာ မှာကြားခဲ့သည်ဟု မိခင်တဦးက ပြောသည်။

“ပြည်သူ့ဆေးရုံကြီး ပါရဂူကြီးကို ကလေးတွေကို ဘယ်လို ဂရုစိုက်ရမှာလဲလို့ မမေးမိလိုက်ဘူး။ ဘာဖြစ်တယ်ဆိုတဲ့ ဆေးစစ်ချက်ကို အခုထိ ဘာမှ မသိရသေးဘူး” ဟု သူက ပြောသည်။

မိဘများက ကလေးငယ် နှစ်ဦးအား ယနေ့ထိ ကျောင်းသို့ ပြန်မပို့ရဲသေးကြောင်း သိရသည်။