Saturday, March 27, 2010

စာရေးသူ ပြောချင်ရာပြော ရောက်တတ်ရာရာစကားများ (၂)

ပိဋကတ်ကျမ်း၌ ပါရှိသည့်က ကမ္ဘာ့မြေကြီး၏အောက်တွင် ငရဲရှိသည့်ဟု ပြောထားသည်။ငရဲရှစ်ထပ်ရှိသည့်ဟု ပြောဆိုချက်ကို ဆင်ခြေစဉ်းစားမိရာမှ ကျမ်းအထောက်အထားအရဆို ရှင်ဂေါတာမ၏အတွေးအခေါ်သည် ကမ္ဘာမြေကြီးသည် ပြားသည်ဟုသော အယူအဆမျိုးဖြစ်နေသည်.....

ဤနေရာတွင် ဗုဒ္ဓဘာသာနှင့်ကွာခြားသော မွတ်စလင်မ်အာရဗ်များကတော့ ကမ္ဘာလုံးသည်ကို ယုံကြည်ရုံမျှသာမက ကမ္ဘာ့အ၀န်းကိုပင်လျှင် တိုင်းတာပြသခဲ့ပါသည်.....ကမ္ဘာမြေကြီးသည်ပြားသည် သို့အတွက်ကမ္ဘာ့အစွန်းသို့ သဘောင်္လွင့်လျှင် ထိုကမ္ဘာအစွန်းရှိချောက်ထဲသို့ သဘောင်္ကျရန်ရှိသည်ဟု ဥရောပတိုက်၌ ကြောက်စိတ်ဝင်နေသည့်အခါ၌ မွတ်ဆလင်အာရဗ်များက ကမ္ဘာလုံးသည်အကြောင်းကို သက်သေပြနိုင်ခဲ့သည်......

ဤဘာသာနှစ်ခု၏ အယူအဆတွေနှိုင်းယှဉ်တွေးခေါ်ဆင်ခြေသည့်အခါမှာ ကမ္ဘာမြေကြီးသည် ဗုဒ္ဓကျမ်း၌ပြားပြီး ကုရ်အာန်ကျမ်းတော်၌ကား လုံးသည် ဟု စာရေးသူ ကောက်ချက်ချပေးချက်ပေးနိုင်သည်.....ဘယ်ကျမ်းအယူအဆကမှန်ပြီး ဘယ်ကျမ်းအယူအဆကမှားသည်ကို ယခုလက်ရှိအချိန်တွင် စာဖတ်ပရိသတ်များ ဆင်ခြေသုံးသပ်ကြပါ....


တမန်တော် မိုဟမ္မဒ်ကလည်း ဤသို့သော သင်ကြားမူဖြင့် သင်ကြားခဲ့ပါသည်...“လောကဓါတ်ပညာနှင့် ဗဟုသုတရရှိရန် သင်တန်းတနာရီမျှတ တက်ချင်းသည် အာဇာနည်တစ်ထောင်တို့၏ အသုဘကို လိုက်ပို့ချင်းထက် ကုသိုလ်ရသည်။ ညဥ့်တစ်ထောင်ပတ်လုံး ၀တ်တက်ချင်းထက်လည်း ကုသိုလ်ရသည်” ရသည့်ဟု၍လည်းကောင်း “ပညာရှိတို့၏ ပြောဟောချက်များကို နားထောင်၍ လောကဓတ်ပညာ၏သင်ခန်းစာများကို စိတ်နှလုံးတွင် ထည့်သွင်းချင်းသည် တရားအားထုတ်ချင်းထက်ကောင်း၏။ ကျွန်တစ်ရာကို သူကောင်းပြု၍ လွတ်လပ်ရေးပေးသည်ထက်လည်း မြတ်၏” ဟု၍လည်းကောင်း၊ “လောကဓါတ်ပညာ၌ ထင်ပေါ်ကျော်ကြားချင်းသည် ဂုဏ်အရှိဆုံးဖြစ်၏ ” ဟု၍လည်းကောင်း “ပညာကို အသက်သွင်းပေးသူသည် မည်သည့်အခါမှအမည်မတိမ်ကောနိုင်” ဟု၍ လည်းကောင်း၊ သြ၀ါဒတော်များထားခဲ့ရာ တမန်တော်မြတ်သည် လောကဓါတ်ပညာနှင့် ဗဟုသုတကို အတန်တန်အားပေးခဲ့ကြောင်း သိရပေသည်။

သို့ပါသော်ကြောင့် မူဆလင်မ် တို့၏မြင့်မြတ်ထားရာ ကုရ်အာန်ကျမ်းစာတော်မြတ်သည် သိပ္ပံအတတ်ပညာကို အားပေးကြောင်း သိရှိနိုင်သည်....ဗုဒ္ဓနှင့်သက်ဆိုင်သော ကျမ်းစာပေများကတော့ လေလုံးထွားချင်း လေရွှီးချင်းကို အားပေးကြောင့် စာရေးသူဖတ်ပြီးသလောက်ဆို သိပြီးသလောက်ဆို ဤသို့ပဲ မှတ်ချက်ပေးရမည်....

တကယ်တော့ ဘာသာတရားတစ်ခုကို ကိုးကွယ်ယုံကြည်ဆည်းကပ်ချင်းသည် ဘဝနှင့်အသက်ကို လောင်းကြေးထပ်ပြီး ကစားရတဲ့လောင်းကစားပွဲပါ.....ဘာသာတစ်ခုကို မှားယွင်းစွာ ကိုးကွယ်မိသွားပြီးဆိုရင် ယခုလက်ရှိဘဝတွင်လည်း ဆုံးရှုံးမူဆိုသော် ခံစားချက်မျိုး၊ အရှက်ဆိုသော် ခံစားချက်မျိုး ရရှိလာနိုင်ပါသည်....ဘာသာရပ်တိုင်းတို့သည် မမြင်ရတဲ့သဘောသဘာဝများတွင် အခြေခံကြသည်... ဖန်ဆင်းရှင်အယူအဆရှိသောသူ့များအဖို့ ဖန်ဆင်းရှင်ဆိုတာ မမြင်ရဘူး....အတိတ်ဘဝ ကို ယုံကြည်သောသူ့များအဖို့ အတိတ်ဘဝဆိုတာ မမြင်ရဘူး.... သို့ပါသော်ကြောင့် ညင်းခုံပွဲများဖြစ်လာရပါတော့သည်....မေတ္တာသည် မမြင်ရဘူး...အမုန်းတရားသည် မမြင်ရဘူး ..... ဤသို့သော် မမြင်ရသော်ခံစားချက်များသည် လူတို့၏ အသက်ဘဝကို မွေးထုတ်ပေးနိုင်သလို့ လူတို့၏ အသက်ဘဝများစွာကို ဆုံးရှုံး ပျက်စီးစေနိုင်ပါတယ်.....

သိပ်ကြောက်စရာကောင်းတဲ့ မမြင်ရတဲ့သဘောသဘာဝတို့၏ စွမ်းဆောင်ချက်နဲ့ အတူလိမ်ညာမူများလည်း ပါလာပါသည်....(ဥပမာ မိန်းခလေးရယ် နင့်ကို ကိုယ်မြတ်မြတ်နိုးနိုး ချစ်မိပါတယ်ဆိုပြီး တကယ်မချစ်ဘဲ လိမ်ညာပြောဆိုကြသည်) သို့ပါသော်ကြောင့် တကယ့်ကယ် ချစ်မိပါသည်ဟု ဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့ တကယ်မချစ်ဘဲ ချစ်သည့်ဟု ပြောဆိုကြတော့ မမြင်ရတဲ့ အကြောင်းရင်းအပေါ်မှာ လိမ်ညာမူများ ပါလာသည်....

သို့ပါသော်ကြောင့် မမြင်ရတဲ့ဘာသာရပ်တိုင်းတို့၏ အခြေခံသဘောအတူ မမြင်ရနိုင်တဲ့ လိမ်ညာမှုများ ပါလာနိုင်ပါသည်...ဒါကြောင့်မို့လို့ စာရေးသူကတော့ မမြင်ရတဲ့ဘာသာရပ်တိုင်းကို မြင်ရနိုင်သောအကြောင်းအရာအပေါ်မှာ ဆင်ခြေသုံးသပ်ပြီး လက်ခံပေးသည်....(ဥပမာ...ဗုဒ္ဓဘာသာကျမ်းတို့၏ မြင်ရနိုင်သော် လွှဲမှားမူများဆိုရင် မြင့်မိုရ်တောင်၊ မြင့်မိုရ်တောင်ခြေရင်း၌ရှိသော် သမုဒ္ဒရာများ၊ ငရဲ ရှစ်ထပ် ၊ နတ်ပြည် ၊ ယုန်မင်းဇာတ်(ဂေါတာမ၏ အတိတ်ဘ၀ ယုန်မင်းဇာတ်) ၊ ပဒုမ္မဒေ၀ီ ဇာတ်လမ်း စသည့်ဖြင့်ပေါ့ဗျာ ဤသို့သော် အကြောင်းတရားများသည် မြင်ရနိုင်သည့်အကြောင်းရင်းများ တွက်ချက်လို့ရသည့်အကြောင်းရင်းများ ဖြစ်သည်........ မြင်ရနိုင်သည့် အကြောင်းတရားများကို ယခုလက်ရှိအချိန်တွင် မမြင်ရဘူးဆိုရင် မမြင်ရတဲ့ အတိတ်ဘဝအကျိုးကံဆိုသော် အကြောင်းတရားများကို လုံးဝယုံကြည်မူမရှိတော့ပါ...တနည်းအားဖြင့်ဆိုသော် မြင်နိုင်စရာရှိသည့်အကြောင်းအ၇ာများကို သက်သေမပြနိုင်လျှင် မမြင်ရနိုင်သော် အကြောင်းအရာများကို ဘယ်လိုအကြောင်းတရားနဲ့မှ သက်သေမပြနိုင်တော့ပါ.....


သို့ပါသော်ကြောင့် စာရေးသူအနေနဲ့ကတော့ ကိုယ့်အသက်နဲ့ ခန္ဓာ၊ အနာဂတ်ကိုတော့ ဆုံးရှုံးနေသော် ဘာသာ(ရှုံးနေသော် တဖက်သား) ဘက်ကနေတော့ မလောင်းချင်ပါဘူး... နိုင်နေသော် ဘာသာ (နိုင်နေသော် တဖက်သား) ဘက်ကနေတော့ လောင်းချင်ပါတယ်..... အနိုင်အရှုံးရလဒ်ကို မမြင်ရသေးလို့ ကျွန်တော်တို့ဟာ မျက်စိစုံမှိတ်ပြီး ဘာသာတစ်ခုဘက်ကနေ ကိုယ့်ရဲ့ လက်ရှိဘဝနှင့် အနာဂတ်ကို ပုံအောပြီး လောင်းနေရတာပါ.....

တခါတလေမှာ စာရေးသူက နိုင်နေသည့်ဘာသာတစ်ခုဘက်က ဝင်လောင်းမိသော်လည်း တခါတလေမှာ ဘယ့်ဘက်ကနေမှ မလောင်းဘဲ ဘေးထိုင်ကြည့်နေတတ်ပါတယ်......သို့ပါသော်ကြောင့် စာရေးသူသည် ဘာသာစုံ တဦးတယောက်ဖြစ်သည့်ဟု ပြောနိုင်သလို့ ဘာသာမဲ့ တစ်ယောက်လည်း ဖြစ်ပါတယ်......

ဒါကြောင့်မို့လို့ စာရေးသူအနေနဲ့ ဗုဒ္ဓဘာသာဝင်များကို အကြံပေးချင်တာကတော့ ရှုံးနေသည့်ဘာသာ (မေးခွန်းများစွာရှိပြီး အဖြေများမရှိသည့်ဘာသာတစ်ခု)ကို ရွေးချယ်မိသွားပြီးဆိုရင် တနည်းအားဖြင့် (တဘက်နိုင်နေသည့် ဘာသာတခုဘက်ကလည်း မလောင်းချင်ဘူးဆိုရင်) ကိုယ့်လောင်းကြေးထပ်ထားတဲ့ ယခုလက်ရှိဘဝအချိန်များကို အချိန်မှီပြန်သိမ်းထားလိုက်ပါ....(တနည်းအားဖြင့် ဘာသာမဲ့ ခံယူလိုက်ပါ)