Showing posts with label ပိဋကတ် သိုင်းကျမ်း ဖြစ်ပေါ်လာပုံ. Show all posts
Showing posts with label ပိဋကတ် သိုင်းကျမ်း ဖြစ်ပေါ်လာပုံ. Show all posts

Saturday, January 16, 2010

ပိဋကတ် သုံးပုံ ဟူ၍အမည်တွင်သည်ကိုပြခြင်းအကြောင်း (သို့) အားရွှီး သိုင်းကျမ်း ဖြစ်ပေါ်လာခြင်းအကြောင်းရင်း

ဂေါတာမ(ကုလား) သေပြီးနောက် နှစ်ပေါင်း ၁၅၀၀ ပြည့်သောအခါ။ သုဝဏ္ဏဘုမ္မိတိုင်း။ သထုံပြည်ကို အစိုးရသော။ (ဤသထုံပြည်ကို သူတောင်းစား လိမ်စား ဘုန်းကြီးA bomb က ယိုးဒယားနိုင်ငံ ဇင်းမယ်မြို့  လို့ လည်း ပြောချင်တယ် အင်ဒိုနီးရှားလို့လည်း ပြောချင်တယ် ရတယ် သူအဆင်ပြေတဲ့နေရာပေါ့)

မနူဟာမင်းလက်ထက်။ တလိုင်းရဟန်းတို့သည်။ ယခုမြန်မာ ရဟန်း၊ ရှင်လူတို့သည်။ ကံဒွါယ ကွဲပြားကြသည်နည်းတူ။ တလိုင်း ရဟန်း၊ ရှင်လူတို့သည်လည်း။ အယူဝါဒ ကွဲပြားကြ၍။ ၀ိဝါဒအဓိကရုဏ်းဖြစ်ကြသောအခါ။

မနူဟာမင်းသည်။ ဤအမှုကို ပြေငြိမ်းစေခြင်းငှာ။ မူးမတ်တို့နှင့် တိုင်ပင်၍ မိမိနိုင်ငံတော်အတွင်းရှိသော။ ကျမ်းစာအများတို့ကို စုသိမ်းစေပြီးလျှင်။ ရှင်ဗုဒ္ဓဃောသ မှစ၍ ဆင်းသက်ဆက်နွယ်သော ရဟန်းဆရာတို့ စီရင်ရေးသားထားခဲ့သော ကျမ်းဂန်တို့နှင့် တိုက်စေကြရမည်။ ၎င်းရဟန်းဆရာတို့ စီရင်ရေးသားခဲ့သော ကျမ်းဂန်တို့နှင့် အယူအဆ ၀ါဒကွဲပြားခြင်းမရှိရ။

ကွဲပြားမညီညွတ်သော ကျမ်းဂန်တို့ကို သုတ်သင်ပယ်ရှင်းရမည် ဟူ၍ အမိန့်တော် ထုတ်ပြန်သောအခါ။ မူးမတ်အစရှိသောမြို့ချုပ်။ မြို့အုပ်တို့သည်။ အရပ်ရပ်၌ ရှိသောကျမ်းဂန်တို့ကို စုသိမ်းပြီးလျှင်။ အမိန့်တော် ရှိသည့်အတိုင်း။ တိုက်ကြည်စေ၍။ အဓိပ္ပါယ်တူရာ။ ကျမ်းရင့်။ ကျမ်းနု။ ကျမ်းလတ်။ သုံးစု ၊ သုံးပုံ ရွေးချယ်စီရင် စေပြီးလျှင်။ မဟာနာမ်မင်းလက်ထက်က။

ရှင်အာနန္ဒာရေးသားထားခဲ့သော။ အဘိဓမ္မာ ၇ ကျမ်း နှင့် တကွ ၎င်း ကျမ်းသဘောကို အမှီပြု ၍။ အကျယ်ဖွင့်ပြရေးသားထားသော အဠကထာ။ ဋီကာ။ အနု။ မဓု။ လက်သန်း။ ဂဏ္ဍိယောဇနာ အစရှိသော ကျမ်းတို့ ကိုအဘိဓမ္မာ ၇ ကျမ်း၏အင်္ဂါနိကာယ်ဟု ရေတွက်ပေါင်း၍။ များသောအပြားရှိသော အရာတို့ကို သမ္ပိဏ္ဍေတိပေါင်း၏ ။ ။ထို့နောက်မှတော့ ပိဋကတ် သုံးပုံ ဟူ၍ ခေါ်ဆိုကြသည်။