ဂေါတမသည်ဘုရားရှိခိုးကြောင်းကို ပိဋကတ်တို့ကပြခြင်းကြောင်း ။ ။
ဂေါတမသည်၊ ဗောဓိညောင်ပင်အောက်သို့ရောက်ပြီးနောက် ၊ မြက်ခင်းနေရာမှာထ၍ ၊ မတ်တပ်ရပ်ရှိခိုးပြီးလျှင် ၊ မမှိတ်သောအနိမိဿစက္ခုဖြင့် ၊ ခုနှစ်ရက်ပါတ်လုံးဘုရားရှိခိုးကြောင်းကို ၊ ပါရာဇိကာဏ်အဌကထာကျမ်းတွင်တိုက်ရိုက်ဖွင့်ပြသည်မှာ ။ ။ ဗုဒ္ဓရူပံပဿန္တော သတ္တဒီဝသနီအက္ခီပူဇံနာမအကာသိ ။ ။အနက်ကား ၊ ဗုဒ္ဓရူပံ ၊ ဘုရားရှင်၏ဗျာဒိတ်ရူပါရုံကို ၊ ပဿန္တော ၊ ကြည့်ရှုလျှက် ၊ သတ္တဒီဝသနီ ၊ ခုနှစ်ရက်ပါတ်လုံး ၊ အက္ခီ ၊ မမှိတ်သောမျက်စိဖြင့် ၊ ပူဇံနာမ ၊ ပူဇော်ခြင်းအမှုကို ၊ အကာသိ ၊ ပြု၏ ။ ။ဤကဲ့သို့ပိဋကတ်ကျမ်းဂါန်တို့၌ ၊ ဂေါတမသည် ဘုရားရှိခိုးကြောင်းကို ပြပါလျှက်နှင့် အမှန်ကို မယုံကြည်လိုသော သူတို့ကိုယ်တိုင်ကလည်း ပိဋကတ်ကိုမစစ်ဆေးဘဲနှင့် ၊ လွှဲရှောင်၍ပြောကြသည်မှာ ၊ ဂေါတမသည်ဘုရားရှိခိုးသည်မဟုတ် ။ ညောင်ပင်နှင့်ပလ္လင်ကိုသာရှိခိုးသည်ဟူ၍ ငြင်းဆိုကြသည်များမှာ ၊ မစဉ်းစား ပြောဆိုခြင်းဖြစ်သည် ၊ အဘယ့်ကြောင့် ဆိုသော် ၊ ၎င်းညောင်ပင်နှင့် မြက်ခင်းနေရာ ပလ္လင်သည် ၊ ဂေါတမ အတွက်အဘယ်အရာများ ကျေးဇူးပြု၍ ရှိခိုးစရာအကြောင်း ရှိပါသနည်း ။ ညောင်ပင်နှင့် မြက်ခင်းနေရာသည် ဂေါတာမထက်ပင် သာနေလို့လား ဤကဲ့သို့ဂေါတမ ဘုရားရှိခိုးကြောင်းကို ပိဋကတ်ကျမ်းတို့က ပြဆိုသောကြောင့် ။ ဂေါတမထက် ကြီးမြတ်တော်မူသော ဘုရားသခင်ရှိကြောင်းကို သိစေဘို့ရန်စစ် ဆေး၍ ပြလိုက်သည် ၊ ထိုကဲ့သို့ပိဋကတ်က ဂေါတမသည် ၊ ဥာဏစက္ခုအားဖြင့် ၊ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံကိုကြည့်ရှု၍ ၊ ဘုရားသခင်ရှိကြောင်းကို သိ၍ ရှိခိုးကြောင်းကို ပြဆိုပါလျှက်နှင့် အဘယ့်ကြောင့် ဗုဒ္ဓဘာသာဝင်များသည် ရှင်ဂေါတာမထက် ကြီးမြတ်သော ဘုရားအား မကိုးကွယ်ကြဘဲ ဂေါတာမအား ကိုးကွယ်ကြသနည်း... ဂေါတမ ရှိခိုးသောကြောင့် သူတို့သည် ရှိမခိုးဘဲနေကြလေသလော ၊ ရှင်တော်ဂေါတမက ထိုဘုရားသခင်အား ရှိမခိုးခဲပါက သူတို့သည် ရှိခိုးကြပေလိမ့်မည်လော ။ (စဉ်းစားရစရာပင် ဖြစ်လာခဲ့သည်.) ရလဒ်အဖြေမှာ နအဖနဲ့ ငနာဂတုံးဘုန်းကြီးများပင် ဖြစ်သည်။ သူတို့သည် ဤဘာသာတရားအား အားပေးအားမြှောက်ပြုလျှက် မဟုတ်တာကို အဟုတ်လုပ် အဟုတ်ကို ငြင်းပယ်၍ ဒီဘာသာတရားအား မခိုင်ခိုင်အောင် တည်ဆောက်နေကြတယ်ဆိုတာ မိတ်ဆွေတို့ တွေ့ရမှာ ဖြစ်ပါတယ်.....
Showing posts with label ဂေါတာမဆုတောင်း နေသည်. Show all posts
Showing posts with label ဂေါတာမဆုတောင်း နေသည်. Show all posts
Tuesday, January 12, 2010
Subscribe to:
Posts (Atom)