Showing posts with label ပိဋကတ်သိုင်းကျမ်း ရောက်လာပုံ. Show all posts
Showing posts with label ပိဋကတ်သိုင်းကျမ်း ရောက်လာပုံ. Show all posts

Saturday, January 23, 2010

ပိဋကတ် သုံးပုံ သိုင်းရွှီးကျမ်း မြန်မာပြည်ပေါက္ကံမြို့ သို့ စတင်ရောက်လာသည့်အကြောင်းကို ပြခြင်း

သထုံပြည်မှပေါက္ကံမြို့ သို့ ပိဋကတ်ရောက်သည့်အကြောင်းကိုပြခြင်းအကြောင်း။ ။

သထုံပြည်မှ ပေါက္ကံမြိုသို့ ပိဋကတ်ရောက်ချင်း အကြောင်းမှာ၊ ဂေါတမ၊ သေပြီးနောက် သာသနာနှစ်ပေါင်းတထောင့် ခြောက်ရာတခုနှစ်၊ သထုံပြည် မနူဟာမင်းလက်ထက်တွင်။ မနူဟာမင်းသည်၊ တိုက်ဖျက်၍ သထုံပြည်မှ ပိဋကတ်ကျမ်းရေအစုံ သုံးဆယ်ကိုဆင်နှင့်တင်ပြီးလျှင် တလိုင်းရဟန်းအများနှင့်တကွ ပင့်ဆောင်ယူလာပြီးလျှင် ပေါက္ကံပြည်၌ ဗုဒ္ဓဘာသာ သာသနာတည်ကြောင်းကို စတုတ္ထမင်းခေါင်လက်ထက် ဓမ္မစက္ကံဓရမဂ္ဂင်ဟူသော ဣန္ဓာဝဇီရာစက ဂါထာကိုကျမ်းဦးပဏာမပြု၍ ရေးသားသည်။ အင်္ဂါတရာ့နှစ်ကျော်ရှိသော မဟာရာဇ၀င်ကျမ်းကြီးတွင် ဘော်ပြသောကြောင့် မြန်မာလူမျိုးတွင်ဗုဒ္ဓဘာသာ၊ သာသနာကိုမြန်မာလူမျိုးတို့ သည် ဤကစ၍ ဆက်ခံရကြောင်းကိုသိရပါသည်။ ။

ဤနေရာတွင် ပိဋကတ်သုံးပုံ(အာရွှီးကျမ်း)ဟု ခေါ်ဆိုရသည့်အကြောင်းရင်းကို ဒီနေရာမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်..... http://messengerforbuddhist.blogspot.com/2010/01/blog-post_16.html

ဂေါတာမ သေပြီးပြီချင်းနောက် သူတပည့်သားချင်းမည်သူတဦးတယောက်ကမှ ကျမ်းကို စနစ်တကျပြုစုထားချင်းမရှိသလို ရေးသားထားချင်းလည်း မရှိပါ။ ဂေါတာမ သေပြီး နှစ်ပေါင်း ၄၀၀ကျော်မှ ကျမ်းအား စတင်ပြုစုကာ နှစ်ပေါင်း ၅၀၀ ကျော်မှ ကျမ်းအား အပြီးသတ်နိုင်ခဲ့သည် .....တနည်းအားဖြင့် သေပြီး နှစ်ပေါင်း ၄၀၀ကျော်မှ ၅၀၀ ကျော်အတွင်း ပြုစုသည် (နှစ်ပေါင်းလေးရာကျော်မှ ပြုစုသည့်ဟု ဆိုသောကြောင့် ဂေါတာမ သေသည့်ခုနှစ်နှင့် ကျမ်းစတင်ပြုစုသည့် ခုနှစ် လူသက်တမ်း (၅)သက်တမ်းစာမျှ ကြာပြီးမှ ပြုစုချင်းဖြစ်သည်........ဒါတောင် လူ့သက်တမ်းကို ၉၀နှစ် နဲ့ တွက်ပေးထားတာနော်)...... ဤနေရာတွင် ကျမ်း၌ ရေးသားထားသော စာတို့သည့် အမှားအယွင်းများစွာ ရှိနိုင်သည့်ဟု ပြောထားသည်. အမှားအယွင်းများစွာတို့သည် ဘုန်းကြီး (သိုင်းသင်တန်းဆရာ) တို့၏ အပို ချဲ့ကား ရေးသားထားချင်းသာ ဖြစ်သည်ဟု buddha wiki မှာ တွေ့ရှိနိုင်သည်. ...ထို့ကြောင့် ဘယ်ကျမ်းက မှားပြီ ဘယ်ကျမ်းက မှန်နိုင်သည်ဟု အတိအကျမည်သူတဦးတယောက်မှ မဆိုနိုင်ချေ... သိပ္ပံက ထောက်ပြမှသာလျှင် ဤကျမ်းအချက်အလက်က သီဟိုဠ်မှ ဘုန်းကြီး(သိုင်းသင်တန်းဆရာ) ၏ အမှားဟု အပြစ်ပုံချ ဆိုနိုင်ချင်းအား ယခု ဗုဒ္ဓ၀င်ကျမ်း ပိဋကတ်ကျမ်းစသည် ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်သော ကျမ်း ပါအကြောင်းအရာအားလုံးတို့သည်လည်း မှန်ကန်မူ မရှိဟု စာရေးသူက တိကျစွာဆုံးဖြတ်နိုင်ပါသည်....

(စာရေးသူ ဤနေရာတွင် သေသည့်ဟုသော အဓိပ္ပါယ်အား ပို၍လေးနက်အောင် သုံးထားသည်.. အဘယ်ကြောင့်ဆိုသော သေသည်မှာ ချုပ်ငြိမ်းချင်းဖြစ်သည်.. နိဗ္ဗာန်ဟူသော ကုလားစကားမူရင်းအရ ဘာမှမ၇ှိချင်း (ဒါကို အိန္ဒိယမျိုးနွယ် ဂေါတာမနွယ်တူကုလားများထံမှ မေး၍ ရနိုင်သည်...)ဒါကြောင့် ဂေါတာမ နိဗ္ဗာန်သို့ ရောက်ရှိသွားပြီး ဖြစ်သဖြင့် ချုပ်ငြိမ်းပြီး သေသွားပြီး ဖြစ်သည်။ သံသရာ မရှိတော့ဘူး(ဥပမာ ဂေါတာမ အနေနဲ့ နောက်ဘ၀ခွေးဖြစ်စရာ သူတောင်းစားဖြစ်စရာအကြောင်း မ၇ှိတော့ဘူး) တနည်းအားဖြင့် နိဗ္ဗာန်ကို အပြီးသတ် ချုပ်ငြိမ်းသွားသည်ဟု ပြောနိုင်သည်..... ဤနေရာမှ စာရေးသူ နားမလည်မည်တာ ဖြစ်မည်တာ တခုရှိသည်... ချုပ်ငြိမ်းသွားသော (ဂေါတာမ)အား သူ၏ရုပ်တုကို အဘယ်ကျေးဇူးကို မျှော်ကိုး၍ ကိုးကွယ်နေကြသည် ဆုတောင်းနေကြသည်ကို စာရေးသူ အနေနဲ့ လုံးဝနားမလည်နိုင်အောင်ဖြစ်မိပါသည်..)