Showing posts with label ဂေါတာမ၏ မသိခြင်း အကြောင်းအ၇ာ. Show all posts
Showing posts with label ဂေါတာမ၏ မသိခြင်း အကြောင်းအ၇ာ. Show all posts

Saturday, January 9, 2010

ရှင်ဂေါတာမ၏ အမှားအယွင်းများ

ခင်ဗျားတို့နဲ့ စကားလေး အေးဆေးပြောချင်ပါတယ်.. ဆွေးနွေးချင်ပါတယ်. မိတ်ဆွေတို့ဘက်က သိပ္ပံနည်းကျ ပြောဆို ပါဟု၍ စာရေးသူပြောဆိုခဲ့သည် အကြောင်းအရာများ အားလုံးသည် သိပ္ပံနည်းကျ ပြောဆိုခဲ့ပြီးလည်း ဖြစ်ပါတယ်.... ကျုပ်လည်း တတ်နိုင်သမျှ စကားရင့်သီးမူကို လျော့ချနေပါတယ်.... အဓိကကတော့ ဗုဒ္ဓကျမ်းကို ခဏခဏ မပြင်ဖို့ တောင်းဆိုလိုပါတယ်. ဗုဒ္ဓ၀င်ကျမ်းအား ရှင်ဂေါတာမ သေပြီးပြီးခြင်း ပြုစုထားသည်မဟုတ်ပါ.. နှစ်ပေါင်း (၅၀၀)ကျော်မှ ဤကျမ်းအား ရဟန်းနာ ဘုန်းကြီးများက ပြုစုထားသည်ဟု wiki ကမှာ တွေ့ရှိနိုင်ပါတယ်....

တကယ်မှန်သော် တကယ်ထင်ရှားမည်... မည်သူကမှ ဖယောင်းတိုင်မီးအား အလုံပိတ်ပုံးထဲတွင် မီးမသွားထွန်းပါဘူး.. လူအများအလင်းရှာရှိမည်နေရာတွင်သာ ဖယောင်းတိုင်မီးအား ထွန်းထားကြပါတယ်. ဗမာစကားပုံအရ ဟုတ်လျှင် ကျော်၊ ပုပ်လျှင် ဖော် . ဆိုသည့်စကားပုံအတိုင်းပဲ ယနေ့ လူအနည်းစုသာ ကိုးကွယ်တော့သည် ဘာသာတရားပင်ဖြစ်ပါတယ်...

ဗုဒ္ဓဘာသာဝင် သန်းပေါင်း ၃၅၀ ဆိုတာ အိန္ဒိယတနိုင်ငံစာ၏ လူဦးရေထက်ပင် အလွန်လွန်နည်းပါးပါတယ်. အိန္ဒိယနိုင်ငံဟာ ဟိန္ဒူဘာသာဝင်များ နိုင်ငံဖြစ်ပါတယ်.... သန်းပေါင်းတစ်ထောင် (၁၀၀၀) ကျော်ရှိပါတယ်.... ၈၅% ဟာ ဟိန္ဒူဘာသာဝင်များ ဖြစ်ပါတယ်.. ကျန်ရှိသည့် မွတ်စလင်မ် ခရစ်ယာန် ဗုဒ္ဓဘာသာဝင်များ နေထိုင်ကြပါတယ်...စာရေးသူ ဘာပြောချင်လဲဆို သူ၏စကားနှင့် ပြောဆိုသိမြင်နိုင်စွမ်းရှိသည်သူများပင် သူ၏စကားကို ကောင်းကောင်း နားလည်နေတဲ့သူ တွေကပင် ရှင်ဂေါတာမအား မကိုးကွယ်ကြသည်ကို တွေ့ရှိရမည် ဖြစ်ပါတယ်.... နောက်များမလည်း ဒီဘာသာကို စွန့်လွှတ်ဖို့ လူအများ ရှိလာမည့်ကို စာရေးသူ ယုံကြည်ပါတယ်၊ ယနေ့ တရုတ်နိုင်ငံမှာဆို ဗုဒ္ဓဘာသာဟာ ပျောက်ကွယ်လု ဖြစ်နေပါပြီ ရှင်ဂေါတာမပြောခဲ့သည် နေ၏ အချင်း လ၏အချင်း မှားယွင်းမူများ ဤကမ္ဘာမြေကြီးအောက် ကုဋေ ၁၀၀၀၀၀ သိန်းမှာ ငရဲရှိသည်ဟု ဆိုခဲ့သော သူ၏စကားများ အမှားအယွင်းများကို နောက်များမှာ ဆက်လက်ထုတ်ဖော်သွားပါမယ်။

ရှင်တော်ဂေါတမသည် အလုံးစုံတို့ကို အကြွင်းမဲ့ မသိမမြင်ကြောင်းကို ကျမ်းသက်သေခံသည်မှာ။ အနမတဂ္ဂါယံဘိက္ခဝေ သံသာရော ပုပ္ပေ ကောဋိ နပညာယတိ အာဝိဇ္ဇာနိဝရဏာနံ သတ္တာနံ တဏှာသံယောဇနံ သန္ဓာဝတံ သိံသရတံ။

အ၀ိဇ္ဇာန်ဝရဏာနံ၊ အ၀ိဇ္ဇာနိဝရရှိကုန်သော၊ တဏှာသံယောဇနာဏံ၊ တဏှာသံယောဇဉ်တည်းဟူသောကြိုးဖြင့်ဖွဲ့ အပ်ကုန်သော၊သန္ဓာဝတုံ၊ ဤဘ၀မှသည်၊ သံသရန္တ၊ ပြောင်းသွားကုန်သော၊ သတ္တာနံ၊ သတ္တ၀ါတို့၏၊ ပုဗ္ဗေ ရှေးဖြစ်ကုန်သော၊ ကောဋိ၊ အစွန်းကို၊ နကညာယတိ၊ ငါမသိငါမထင်နိုင်ကုန်။ ။

အ၀ိဇ္ဇာနိဝရရှိကုန်သော တဏှာသံယောဇဉ်တည်းဟူသောကြိုးဖြင့်ဖွဲ့ အပ်ကုန်သော ဤဘ၀မှသည်၊ ပြောင်းသွားကုန်သော သတ္တ၀ါတို့၏၊ ပုဗ္ဗေ ရှေးဖြစ်ကုန်သော အစွန်းကို၊ ငါမသိငါမထင်နိုင်ကုန်။ ။


ဤကဲ့သို့ နိဒါန၀ါရ သံယုတ် အနမတဂ္ဂသုတ် တွင်ပြသည်၊ ထိုသို့ ပြဆိုသည် ဖြစ်သောကြောင့်၊ ရှင်တော်ဂေါတမ၌ အလုံးစုံအရာ တို့ကို၊ သိမြင်နိုင်သော ဥာဏ်မရှိ ကြောင်းကို သိရလေသည်။ ၎င်းနိဒါန ၀ရံသံယုတ်ကျမ်းသည်လည်း၊ ရှင်ဗုဒ္ဓဃောသ၊ သီဟိုဠ်မှ ပြန်ရောက်၍ နှစ်ပေါင်းတထောင်အတွင်း၊ သထုံပြည်မှာ ရေးသောကျမ်းဖြစ်သည်၊ ၎င်းအပြင် ရှင်တော်ဂေါတမသည်၊ ကိုယ်တိုင်ရှိစဉ် ကပင် မသိကြောင်းကို ထင်ရှားစွာဟောကြား ထားသည်ကို၊ ဗုဒ္ဓ၀င်ကျမ်းတို့၌ တိုက်ရိုက်ပြဆို သည်မှာ၊ ရှင်တော်ဂေါတမသည်၊ ဗေဓိညောင်ပင်သို့ရောက်၍၊ သတ္တဌာန၊ လေးဆယ့် ကိုးရက်စေ့ပြီးသည့်နောက်။


ကပ္ပိလ၀တ်ပြည်မှ မိမိထွက်လာစဉ်အခါက၊ ရှေးဦးစွာ လောကဈာန်ရှစ်ပါးကို၊ သင်ယူခဲ့ဘူးသော ပဌမဆရာ၊ အာဠာရရသေ့ထံ တရားစောသွားမည်ဟု့ အကြံရှိရာ၊ ၎င်းအကြံကို နတ်သားတယောက်က သိ၍ပြောသည်မှာ၊ အာဠာရရသေ့သည် လွန်ခဲ့သော ခုနှစ်ရက်မြောက်ကပင် သေဆုံးသွားပါပြီဟူ၍ ဆိုရလေ၏၊ တဖန်၊ ရှင်တော်ဂေါတမသည်၊ ဒုတိယ ဆရာဖြစ်သော ဥဒက ရသေ့ထံသို့သွားမည်ဟု အကြံရှိလေပြန်ရာတွင်၊ အထက်နည်းတူ နတ်သားက ဆိုလေသည်မှာ၊ ယမန်ညသံခေါင်းယံအချိန် ကပင် ၎င်းလည်းသေဆုံးသွားပြီ ဖြစ်ကြောင်းကြား ပြောလေ၏၊ ဤသည်ကို ကြည့်ခြင်းအားဖြင့်၊ ထိုရသေ့ဆရာညီနောင်တို့ ဆုံးသွားသည်ကိုပင် မသိကြောင်း ဗုဒ္ဓ၀င်တို့တွင် တိုက်ရိုက် ဖေါ်ပြထားလေသည်။

ထို့ကြောင့် ရှင်တော်ဂေါတမ၌ အကြွင်းမဲ့သိကြွမ်းသောနိုင်သော ဥာဏ်မရှိကြောင်းကို ရှင်းလင်းစွာ သိရှနိုင်ပေသည်။ ယခုဆိုပြခဲ့သောအရာတို့ကို မစဉ်းစားလိုသောသူတို့က၊ နတ်သားမပြောဘဲနှင့် သိပါသည်ဟူ၍ မပြောပါနဲဗျာ. မသိသည်ကို နှုတ်က တိုက်ရိုက်ဖွင့်ဟ နေသည်ကို အထင်အရှားသိလျက်ပင် လူ၏ ခေါင်းကို ဥာဏ်ပ၇ိယယ်စင်ပြီး ရှုပ်ထွေးသော စကားများကို ထက်မသုံးပါနဲ့တော့... ကထေဋက မျသာပုစ္ဆာဖြစ်မည်၊ အသိပေးလိုပါသည်။ ။

အကယ်၍ ယခု ဗုဒ္ဓဘာသာရဟန်း၊ ရှင်လူတို့ ယူကြသည့်အတိုင်း၊ ရှင်ဂေါတမ၌ အကြွင်းမရှိသိနိုင် ၊ မြင်နိုင်သော သဗ္ဗညုတဥာဏ်ကို ရရှိပါစေဦးတော့၊ အလုံးစုံတို့ကို ဖန်ဆင်း ပြုပြင်စီရင်နိုင်သော၊ ဥာဏ်ရှင် မဟုတ်သောကြောင့်၊ ဘုရားဟူ၍ အခေါ်မခံထိုက်ပါပေသေး။ ဤအကြောင်းအရာများကို ထောက်၍ ရှင်ဂေါတာမ အကုန်သိမြင်နိုင်တဲ့လို့ ဆို၍ မရပါ...

ဤနေရာမှာ စာရေးသူပြောချင်တာကတော့ သူ၏ နီပေါနိုင်ငံ သူ့နိုင်ငံသားပင်လျှင် သူ့ကို မကိုးကွယ်ပါ. နီပေါသည် ဟိန္ဒူနို်င်ငံဖြစ်သည် ဘာကြောင့်လဲဆို သူ၏ပြောဆိုသောစကားများကို အတိအလင်း ကောင်းကောင်းသိမြင်နေလို့ပါပဲ...

ဤသည်ကို ကျောင်းဆရာဘုန်းကြီးများက မိမိကိုယ်ကျိုးကို ကြည့်၍ ဗုဒ္ဓသာသနာကို အဓွန်ရှည်အောင် တည်အောင် ကြိုးစားနေသည်ကို စာရေးသူစွပ်စွဲလျှင် လွန်မည်မဟုတ်ပါ... သူတို့သည် အဟုတ်ကို ဟုတ် အ၇ှိကို အရှိ ဖွင့်ဟ ပြောဆိုခြင်းမရှိ ထိန်ချန်ဝက်ထားလျက် သင်ကြားနေသည်ကို အတိအလင်း ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်သည်။