Showing posts with label လိမ်စာဘုန်းကြီး(သို့)ရေဆူဆရာတော်. Show all posts
Showing posts with label လိမ်စာဘုန်းကြီး(သို့)ရေဆူဆရာတော်. Show all posts

Thursday, February 18, 2010

မြန်မာပြည်မှာ ရေဆူဆရာတော်နာမည်နဲ့ လုပ်စားသွားသော ဘုန်းကြီး

စာရေးသူ(ကိုယ်တော်ချော)ကို မျှော်လင့်နေကြတယ်.... စာရေးသူလည်း နားရသေးတယ်ဗျာ....သြော်အဖြေများ ဖြေကြပါရစေဆိုပြီး တပတ်နားထားပေးလိုက်တယ်။ကွန်မန့်များကြည့်ပြီး စိတ်ချမ်းသာစရာတကွက်မှကို မရှိဘူး.. တော်တော်အဆဲသန်တယ်ဗျာ.....စာရေးသူထင်တာကို ပြောမယ်နော်.....အခုလို လာဆဲကြတဲ့သူတွေက ငနာဂတုံးများပဲ ဖြစ်ရမယ်။သူတို့ပဲ အလုပ်အကိုင်မရှိ အချိန်ပြည့် အွန်လိုင်းမှာ ထိုင်နိုင်တာလေ ဟုတ်တယ်မလား..

အခုပြသမယ့် ဗီဒီယိုကတော့ ရေဆူဆရာတော်ဆိုပြီး နာမည်ကြီးသွားတဲ့ လိမ်စားဘုန်းကြီးရဲ့ လုပ်စားသွားတဲ့အကြောင်းကို ဖော်ပြချင်တာပါ၊ဘယ်ကောင်က ဂတုံးကို ဒရိုင်အိုင်စ်(ရေခဲခြောက်)ကို ပေးလိုက်လည်း မသိဘူး။ ဂတုံးက စာရေးသူတို့ မြန်မာပြည်အနေအထားကို အခွင့်ကောင်းယူပြီး လုပ်စားသွားတယ်...မြန်မာလူမျိုးများဟာ အသိဥာဏ်၊ ဗဟုသုတနည်းပါးကြတယ်...ဒါကို ငနာဂတုံးက ရေဆူဆရာတော်ဆိုပြီး လိမ်စားသွားသေးတယ်....ရေထဲလက်စိမ်ပြပြီး အငွေ့တွေက တထောင်းထောင်းထလာတယ်ဗျာ၊ ဒါကို မသိနားမလည်တဲ့ အမျိုးသမီးများဟာ ရေဆူဆရာတော်ဆိုပြီးကင်ပွန်းပါတပ်လိုက်ကြတယ်၊ တန်ခိုးကြီးတယ်ပေါ့ဗျာ..လိမ်စားတဲ့ကောင်ကလည်း ခပ်တည်တည်ရုပ်တည်ကြီးနဲ့ လိမ်စားသွားတာဗျ...ကြာတော့ ကြာပြီ ...ရပ်ရွာထဲမှာ အမျိုးသမီးတယောက်ဆို ရေဆူငနာဂတုံးကို သွားဖူးရင်း သူလက်နဲ့ ဂတုံးလက်နဲ့ ထိခဲ့တယ်တဲ့...အဲဒါနဲ့ အမျိုးသမီးက နှစ်ရက်သုံးရက်လောက် အိမ်သာတောင် မသွားဘူးဆိုပဲ.....စာရေးသူထင်တာပေါ့နော်.....အိမ်သာတော့ သွားမယ်.....လက်မဆေးဘဲ ဒီအတိုင်းထလာတာနေမယ်.....
gelakguling

(စာရေးသူလည်း စဉ်းစားမိတယ်..လက်တဘက်နဲ့ ထိရင်နောက်တဘက်တော့ ကျန်မှာပဲ သူကတော့ နှစ်ဘက်စလုံး ထိခဲ့လို့နေမယ်....တော်သေးတာပေါ့ ကျန်တဲ့နေရာများ ထိခဲ့မယ်ဆိုရင်လေ.....အင်းဆက်မပြောတော့ပါဘူး တွေးစရာလေးတွေ ဖြစ်လာလို့ပါ ဒါကလည်း အတိအကျပြောလို့မရဘူးဗျာ ကောလာဟလဆိုတော့ စာရေးသူကြားမိတာလေးကို ပြန်ပြောပြတာပါ.....ရေဆူဆရာတော်ဆိုတာတော့ ကောလာဟလမဟုတ်ဘူးနော် တကယ်လိမ်စားသွားတဲ့ အဖြစ်အပျက်လေးပါ)


ရေခဲခြောက်ထဲမှာ လက်တင်မကပါဘူး တကိုယ်လုံးကို စိန်စီလို့ရပါတယ် အဲယောင်လို့ တကိုယ်လုံးကို ၀င်စိမ်လို့ရပါတယ်ဗျာ...