Showing posts with label ဒေးဘစ်ကော်ပါဖီးတောင် လိမ်မစားဘူး. Show all posts
Showing posts with label ဒေးဘစ်ကော်ပါဖီးတောင် လိမ်မစားဘူး. Show all posts

Monday, February 22, 2010

ဒေးဘစ်ကော်ပါဖီးးကတောင် လိမ်မစားဘူးနော်..(ငနာငတုံးများနဲ့ ကွာပါ့)

မျက်လှည့်ပညာမှာ နာမည်အရမ်းကြီးတဲ့ ဒေးဗစ်ကော်ပါဖီးကို သိကြတယ်မလား...အဲသူကတော့ သူရဲ့ပဉ္စလက် မျက်လှည့်ပညာနဲ့ လူများရဲ့နှလုံးသားများကို တအံ့တသြနဲ့ တုပ်လှုပ်သွားအောင် ပြုလုပ်နိုင်တဲ့ သူတယောက်ပါ...သူကတော့ သူ့ရဲ့အစွမ်းကိုအစနဲ့ မျက်လှည့်ပညာများဆိုပြီး ထုတ်ဖော်ပြခဲ့ပါတယ်....စာရေးသူတို့ မြန်မာပြည်က ငနာဂတုံးများကတော့ သူတို့ကိုယ် သူတို့ ဈာန်ရတယ်ဆိုပြီး လူတွေရဲ့ယုံကြည်မူ့ကို လိမ်စားသောနည်းဖြင့် ကိုင်လှုပ်ခဲ့ပါတယ်.....ဂတုံးများ ဈာန်ရလို့ လေပေါ်မှာ တကယ့်တမ်းသာ ပျံနိုင်မယ်ဆိုရင် ကြွားလို့ဆုံးမည့်မဟုတ် ကမ္ဘာကိုအသိပေး ကြေငြာ ဘလော့ဂ်များပေါ်မှာ ဖော်ပြကြမည့်ဆိုတာ ဧကန်မလွဲပါဘူး....ကြည့်ပါအုံးဗျာ..ဒေးဗစ်ကော်ပါဖီးများကျုပ်တို့နိုင်ငံမှာ မွေးခဲ့မယ့်ဆိုရင် ဘုရားအဖြစ်ကိုးကွယ်ကြလိမ့်မယ်လို့ စာရေးသူတော့ ထင်မိတယ်...စာရေးသူ ကြားမိပါသေးတယ်..မင်းဓမ္မကုန်းမှာ ရဟန်းနာ ဈာန်နဲ့ကြွလာဆိုပြီး မြို့ နယ်အသီးသီးက လူတွေ ဖူးဖို့သွားကြတယ်တဲ့...တကယ်ပင် ကြွနိုင်လို့လား.?????(စာရေးသူ ဒါလေးကို ဖတ်ရတော့ ငယ်ငယ်က စာရေးသူ ဦးလေးတစ်ယောက်အကြောင်းကို သွားသတိရမိတယ်...သူက ကျုပ်ကို နောက်တာ သူကစာရေးသူကို ငါဆီမှာ ကားရှိတယ် တိုက်လည်း အများကြီးရှိတယ်..ဒါပေမဲ့တူလေးရယ် မင်းကြည့်ရင်တော့ မမြင်ရဘူးဆိုပြီး ရွှီးလုံးထုတ်ခဲ့တယ်..ဒီအတိုင်းလေးပါပဲ သူတို့ကလည်း ရွှီးလုံးထုတ်တယ်ဗျာ..ဘုရားကို မမြင်ရဘူးဆိုတာ ကျုပ်လက်ခံပေးလို့ ရတယ်...ဒီလို ဈာန်နဲ့ ကြွတာတော့ မမြင်ရဘူးဆိုတာတော့ လက်မခံပေးနိုင်ဘူး...ဒေးဘစ်ကော်ပါဖီးကတော့ ရှင်းရှင်းလင်းလင်း ပဉ္စလက်ပညာနဲ့ ပြသသွားပါတယ်....ဂတုံးဘုန်းကြီးရဟန်းနာ ဈာန်နဲ့ကြွတယ်ဆိုပြီး ဗီဒီယိုတစ်ခု ကြည့်လိုက်ရသေးတယ်...ဘာမှသဲသဲကွဲကွဲ မမြင်ရဘူးဗျာ...ကျွန်တော်ကြည့်တာ စွန်လွှတ်သလားလို့ အောက်မေ့ရတယ်...ဒါကို ဈာန်နဲ့ ကြွတယ်ဆိုပြီး ရှစ်ခိုးကြတယ်ဗျာ....အောက်ကတော့ ရှင်းရှင်းလင်းလင်းကို မြင်ရတယ်ဗျာ....