Friday, January 8, 2010

မဟုတ်မမှန်သော ဗုဒ္ဓဘာသာဝင်များသို့ (၂၁)

စာရေးသူအနေနဲ့ အနည်းငယ်တောင်းပန်ချင်တယ် ဘာကိုတောင်းပန်ချင်လဲဆို စာရေးသူရဲ့ စကားလုံးများဟာ
အရမ်းရင်းသီးသွားမိတယ် ဒါကြောင့်လေ နားလည် ပေးပါ.... အခုတော့ ချိုနိုင်သမျှ ချိုနိုင်အောင်လို့ ကြိုးစားထားတယ် တဦးတယောက်ဆီမှာ ကိုယ်ရဲ့ ငွေချေးဌားထားရင်တောင်မှ ပြန်တောင်းရင် အော်ကြီးဟစ်ကျယ်နဲ့ တောင်းရင် တောင်းခံရတဲ့သူ စိတ်ဆိုးတယ် ဒါကြောင့် ညင်ညင်သာသာနဲ့ ပြောင်းတောင် ကြည့်မယ်ဆို တမျိုး အဖြေထွက်လာနိုင်တာ ပေါ့နော်.....


ကျွန်တော့်၏ ရေးသားထဲ့သော ပို့စ် များ၏ အောက်မှာ သက်ဆိုင်သော အကြောင်းအရာလေးများ ရေးသားထားပါ.... ခင်ဗျားတို့ဘာသာကို ကျွန်တော်ဒီလောက်ထိ လေ့လာထားပြီးမှတော့ ခင်ဗျားတို့ မွတ်စလင်မ်ဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ကိုးကွယ်နေတဲ့ အရာဆိုတာ ယုံကြည်ချက်ဆိုတာ ဘာလဲဆိုတာ အခုထိခင်ဗျားတို့ပြောဆိုနေတာ မှားယွင်းနေတာကို တွေ့ရပါတယ်.


ဒါကြောင့် ခင်ဗျားတို့ကလည်း သူများဘာသာရဲ့ အတိမ်အနက်ကိုမသိဘဲ ရမ်းသမ်းပမ်းသမ်းနဲ့ ဘုန်းကြီးများရဲ့
သင်ကြားမူအောက်ကနေ ထွက်လာတယ်လို့ ယူဆလို့ရပါတယ်.. ဒီလိုပြောလို့ ခင်ဗျားတို့ စိတ်မဆိုးကြနဲ့ဗျာ …

ရှင်ဂေါတမသည်၊ သာဝတ္ထိပြည်။ ဇေတ၀န်ကျောင်း၌ နေစဉ်အခါ။ ကိသာဂေါတမီအမည် ရှိသောမိန်းမတရောက်သည်၊ မိမိ၌ရှိသော သားကလေးသေဆုံး၍၊ ထိုသားငယ်ကိုအလွန်ချစ်သောကြောင့်။ မိမိသားငယ်၏ ခန္ဓာရုပ်ကျွန်းအား ပိုက်ချီပြီးလျှင်၊ ငိုကြွေးမြည်တမ်းလျှက် ရှင်ဂေါတမသည။

သေသောသူကို ရှင်အောင်တတ်နိုင်လိမ့်မည် အထင်ဖြင့်၊ ရှင်ဂေါတမရှိရာ၊ ဇေတ၀န်ကျောင်းသို့ ယူလာလေသည်၊ ထိုအကြောင်းအရာကို ရှင်တော်ဂေါတမသိလျှင်၊ သေသောသူကိုငါရှင်အောင်တတ်နိုင်သည်ဟုရုတ်တရက် မပြောဆိုဘဲ၊ သေသောသူကို ရှင်အောင်တတ်နိုင်သော လေဟန်ဖြင့်၊ ဥပမာဗျာ ရှင်သောဆေးကိုပေးမည်၊ ယုံချို၊ လိပ်မွေး၊ ပုဇွန်သွေး၊ ခွေးလှေးတင်ပါးငါးကျပ်သားကို ရအောင်သာ ရှာပါလေဟု၊ ဆေးမှော်ရူးသွေးဝင်သူတို့ကို ခိုင်းနှိုင်းသော ဥပမာကဲ့သို့ပါပဲ… ပရိယာယ်ညာဏ်ဖြင့်၊ ကိသာဂေါတမီအား ပြောသည်မှာ၊ သင်၏သားငယ်ကို ရှင်စေလိုလျှင်။

သ၀တ္ထိပြည်တွင်းသို့ သွား၍ လူမသေဘူးသောအိမ်မှ၊ မုန့်ညှင်းစေ့တဆုပ်ရအောင် ရှာပါလေဟုခိုင်းသောအခါ၊ ကိသာဂေါတမီ သည်လည်း သားငယ်ဇောဖြင့်၊ ရှင်စေလိုသော ဆန္ဒကြောင့်၊ မိခင်မေတ္တာအားကြီးစွာဖြင့်၊ ရှင်ဂေါတမပြောသောစကားကို မစဉ်းစားမဆင်ခြင်ဘဲ ၀မ်းသာအားရနှင့်၊ မြို့ တွင်းကိုးကုဋေ၊ မြို့ ပြင်ကိုးကုဋေ၊ အိမ်ခြေလူနေရှိသော သာဝတ္ထိပြည်ကြီးအတွင်းသို့ သွား၍၊ မုန့်ညှင်းစေ့တဆုပ်ကိုရှာလေ၏။



ဤတချက်ကို မိတ်ဆွေတို့ စဉ်းစားကြည့်ပါအုံး မြို့ရွာတရွာမှာ အိမ်ခြေနှစ်ရာလောက်ရှိရင် ဒီရွာဟာ ရွာသေးသေးလို့ ခေါ်လို့မရတော့ဘူး.. ရွာကြီးလို့ ပြောလို့ရသွားပြီ အခု ကိသာဂေါတမီ ဆိုတဲ့ အမျိုးသမီးက အိမ်ခြေပေါင်း မြို့တွင်း ကိုးကုဋေ၊ မြို့ပြင်အိမ်ခြေပေါင်း ကိုးကုဋေကို စုစုပေါင်း အိမ်ခြေ ဆယ်ရှစ် ကုဋေ ကို မုန့်ညင်းစေ့ လိုက်တောင်းတယ်တဲ့ ကျွန်တော်လက်ခံပေးနို်င်သလောက်လက်ခံပေးနို်င်ပါတယ်....

အိန္ဒိယနို်င်ငံက လူနေထူထပ်တဲ့ နိုင်ငံဆိုတော့လည်း မြို့တွင်း ကိုးကုဋေ၊ မြို့ပြင်အိမ်ခြေပေါင်း ကိုးကုဋေ ရှိမယ်ဆိုတာကို စာရေးသူလက်ခံပေးရမှာပေါ့လေ….

ဒီနေရာမှာ စဉ်းစားစရာက ရက်ကွက်သစ်တွေဘက် ဒီအမျိုးသမီး မသွားတောင်းမိဘူးနဲ့ တူပါတယ်.... တချို့  လင်မယားဇနီးမောင်နှံတွေ အိုးအိမ်အသစ်ထူထောင်တတ်ကြတတ်တာလည်း ရှိတတ်တယ်လေ... လူမသေတဲ့ အိမ်မှာ မုန့်ညှင်းစေ့တဆုပ်ကို လိုက်ရှာတာ တအိမ်မှာ မရခဲ့ဘူးတဲ့ ထားပါတော့ လေ သူက မရခဲ့ဘူးဆိုတော့လည်း မရခဲ့ဘူးပေါ့ဗျာ..

fikirfikir
စာရေးသူမေးချင်တာ ဒီ ကိသာဂေါတမအမျိုးသမီး ဘယ်နှစ်ရက်ကြာအောင် လိုက်တောင်းလိုက်ရလဲ?(တချက်နော်) မြို့တွင်း ကိုးကုဋေ၊ မြို့ပြင်အိမ်ခြေပေါင်း ဆိုတာ ပါးစပ်ထဲ ပြောတာနဲ့ ပြီးသွားတာမဟုတ်ဘူးနော်.... မိတ်ဆွေတို့ ခရီးလမ်း ဘယ်လောက်ရှည်ရှည်လျှောက်ဖူးလဲ.. ကျွန်တော်နယ်တွေဘက် လမ်းလျှောက်ဖူးတယ် တပြ တပြနဲ့ လမ်းလျှောက်ရတာ နည်းတဲ့ခရီးမဟုတ်ဘူး…

ဒီကိသာဂေါတမီအမျိုးသမီးဟာ တနေ့ကို အိမ်ခြေပေါင်း တသိန်းဗျာ လိုက်တောင်းမယ် ၇ှိပါမလား အိမ်ခြေပေါင်းတသိန်းဆိုတာ ထားဗျာ နည်းတယ် တသန်းဗျာ ဟင်း မဖြစ်နိုင်သေးဘူး ဗုဒ္ဓ၀င်ကျမ်း က ပြောထားတာ ကိုးကုဋေ ဆိုတော့ နည်းနည်းထပ်တိုးမယ် တနေ့ကို တကုဋေ ပဲထားလိုက်မယ်ဗျာ နည်းသေးတယ်လို့ ထင်တယ်နော်. (စဉ်းစားရင် မေးခွန်းလေးတွေ ပေါ်လာ) မြို့တွင်း ကိုးကုဋေ၊ မြို့ပြင်အိမ်ခြေပေါင်း ကိုးကုဋေ ဆိုတော့ တနေ့ကို ဒီကိသာဂေါတမီအမျိုးသမီး အိမ်ခြေပေါင်း နှစ်ကုဋေ နှုန်းနဲပဲ လိုက်တောင်းလိုက်မယ်ဗျာ နည်းနည်းထက်တိုးလိုလည်း မဖြစ်တော့ဘူးနော် ဒီကိသာဂေါတာမီအမျိုးသမီးမမောခင် စာရေးသူ စဉ်းစားရင်တောင် တော်တော်မောနေပြီ .
lapar
lapar

penat


(မယုံလိုမှ မရတာ ဗုဒ္ဓ၀င်ကျမ်းက ဆိုရင် ယုံလိုက် သိပ္ပံက မှားတယ်)နှစ်ကုဋေနှုန်းပဲ သတ်မှတ်လိုက်ကြတော့ဗျာ… ဒီကိသာဂေါတမီအမျိုးသမီး တနေ့ကို အိမ်ခြေပေါင်း နှစ်ကုဋေနှုန်းနဲ့ လိုက်တောင်းလိုက်မယ်ဆိုရင် ဆယ်ရှစ်ကဋေ ကို သူကိုးရက်လောက် လိုက်တောင်းရမယ်.. ဒါဆိုတော့ ကလေးငယ်အလောင်းက ကော မပုပ်ဖူးလား ဒီအမျိုးသမီးလိုက်တောင်းနေစဉ်အချိန်မှာ ထားဗျာ ပုပ်ပုပ် မပုပ်ပုပ်ဗျာ ဒါအေ၇းမကြီးပါဘူး ပုပ်တော့လည်း ပုပ်လိုက်တာပေါ့ဗျာ မပုပ်ဘူးဆိုတော့လည်း မပုပ်ဘူးဗျာ... ဗုဒ္ဓ၀င်ကျမ်းအလိုအရပဲ လုပ်ပေးလိုက်တော့မယ်… သိပ္ပံက မှားနေတာကို ..


ဆက်ကြရအောင် ဒီ ကိသာဂေါတာမီ လိုက်တောင်းတာ မသေသောသူ၏အိမ်မှ မုန့်ညှင်းတစေ့ကိုမျှမရသည့်အပြင်၊ သားသေသည့်အတွက်စိတ်ဒုက္ခဝေဒနာပေါ်မှာ၊ မုန့်ညှင်းစေ့ရှာရသည့်အတွက်၊ ကိုယ်ကာယ ပင်ပန်းချင်းကိုသာထပ်၍ကြုံရလေသည်။ ရှင်ဂေါတမရှိရာ ဇေတ၀န်ကျောင်းသို့ပြန်ရောက်၍လျှောက်ထားသောအခါရှင်ဂေါတမ တရားပြသည်မှာ။ ဤလောက၌၊ ဘုံအားလုံးတွင် မြင်မြင်သမျှ အနိစ္စမို့၊ မရဏာဓူဝံ ငါသော်မှ မလွန်ဆန်နိုင်ဟူသောအခါ။ ကိသာဂေါတမီသည်လည်း။ သားငယ်အသေကောင်ကိုပစ်ထားလျှက်။ စိတ်နှစ်လုံးကိုယ်ကာယပင်ပန်းစွာဖြင့်သွားရလေသည်။ ရှင်ဂေါတာမက ငါမတတ်ဘူးဆိုရင် မတတ်ဘူးလို့ပြောတာမဟုတ်ဘူး တတ်သလိုမှတ်သလိုနဲ့ လူကို ဒုက္ခပေးတာလို့ စွပ်စွဲရင် စိတ်မဆိုးကြနဲ့နော်.



ဇာတ်လမ်းက ဒီနေရာမှာတင် ပြီးသွားတာလား ကျွန်တော်သာ ဒီအမျိုးသမီးနေရာမှာ ဆိုရင်လေ မပြောတော့ပါဘူးဗျာ. ကျွန်တော်ကလည်း စကားရင့်သီးတော့ ခင်ဗျားတို့ကလည်း အားကြီးစိတ်ဆိုး တတ်တာနဲ့ မဖြစ်သေးပါဘူးလေ ဥပမာလေးနဲ့ လုပ်အုံးမှ ဥပမာပေါ့ဗျာ… ကျွန်တော်(ကိုယ်တော်ချော)ပေါ့နော် သူငယ်ချင်းတယောက်ဆီမှာ ပိုက်ဆံချေးတယ် သူငယ်ချင်းက “ ငါ့အဒေါ် ဟိုဘက်ရက်ကွက်မှာနေတယ် မင်းလည်းသိနေတာပဲ သွားတောင်းလိုက်သွား” လက်ရှိနေတဲ့ နေရာနဲ့ သူငယ်ချင်းအဒေါ်အိမ်နဲ့ အိမ်ခြေပေါင်း ကြားထဲမှာ အိမ်ငါးရာ ရှိတယ်ဗျာ.....


ကျွန်တော်သွားတောင်းမယ် ဟိုလည်း ရောက်ရော သူ့အဒေါ်က ဒီမနက်မှပဲ မန္တလေးကို ခရီးထွက်သွားပြီ ဆိုတာနဲ့ ကျွန်တော်ပြန်လာမယ်.... ကျွန်တော်ခြေထောက်လည်း ညောင်းသွားတယ် အချိန်လည်းကုန်သွားတယ်နော်…. ဟိုလည်းေ၇ာက်ရော “သူငယ်ချင်းရေ မင်းအဒေါ်တော့ ဒီမနက်ပဲ မန္တလေးကို ခရီးထွက်သွားပြီးတဲ့ “ အဲ့ဒါနဲ့ ကျွန်တော့်သူငယ်ချင်းက “ငါသိသားပဲ ငါလည်း ငါအဒေါ်မ၇ှိလို ငတ်နေရတာ ငါလည်း ငတ်နေတဲ့ အကြောင်း မင်းကို သိစေချင်လို့ အဲဒီကို လွှတ်လို်က်တာလို့ ” လို့ပြောတာနဲ့ တပြိုင်နက် ကျွန်တော်ထကန်မှာ “ခွေးသူတောင်းစား နဂိုကတည်းက မရှိဘူးဆိုရင် မရှိဘူးလို့ စောစောစီးစီးပြောပါလား ငါမှ ခြေထောက်ညောင်း လူပင်ပန်းပြီး အချိန်ကုန် မင်းကွာ” ဆိုပြီး ကျွန်တော် နှစ်ချက် သုံးချက်လောက် တော့ ကန်ဖြစ်မှာပဲ…

ကျွန်တော်မေးချင်တာ ဒီအမျိုးသမီးကို ငါလည်း မလုပ်နိုင်ဘူး နင်လည်း ဒီသေချင်းကြုံရမယ် ငါလည်း ဒီသေချင်းကြုံရမယ် ဆိုပြီး ခပ်ရှင်းရှင်းနဲ့ ပွင်းပွင်းလင်းလင်းအစောကြီးကတည်းက ပြောလို့မ၇ဘူးလားဗျာ… မသာထားမဲ့ရက် မသာချမဲ့ရက် ကလေးအတွက် ၀မ်းနည်းရတဲ့ဒဏ် တအိမ်ဝင်တအိမ်ထွက် မြို့ တွင်းကိုးကုဋေ၊ မြို့ ပြင်ကိုးကုဋေကို မျှော်လင့်ချက်ကြီးစွာနဲ့ တောင်းနေရမဲ့ ဒီအမျိုးသမီးရဲ့ ပုံသဏ္ဌန်ရုပ်ကို မိတ်ဆွေတို့ မျက်လုံးထဲမှာ မြင်ကြည့်လိုက်ပါ…

ဘယ်လောက်သနားဖို့ကောင်းမလဲ ဥပမာ မိတ်ဆွေတို့ဟာ ကလေးတယောက်အဖေပေါ့ဗျာ. ခင်ဗျာရဲ့ သားကို ကျွန်တော်က ခင်ဗျာတို့ မျက်စိရှေ့မှာ “ ဟိုမှာ တွေ့လား မီးအိုင်ထဲ ခုန်ချလိုက် ကလေး” ကလေးကလည်း ခုန်ချမယ်. “ အေး အဲ့တာပဲ မီးဆိုတာ ပူတယ်ကွာလို့ ကျွန်တော်ခင်ဗျာတို့ရှေ့မှာ ပြောလိုက်ရင် ခင်ဗျာ ကျွန်တော်ကို ထထိုးမလား ထိုင်ကန်တော့ မလား …… စဉ်းစား ရင် မေးခွန်းလေးတွေ ပေါ်လာ …. ၎င်းပြဆိုခဲ့သောအကြောင်းအရာတို့သည်။ ဓမ္မပဒ၀တ္ထုကျမ်းထွက်ဖြစ်၏။

၎င်းဝတ္ထုကိုထောက်၍ ရှင်ဂေါတာမသည်.. သူတပါး၏သေချင်းတည်းဟူသော မစ္ဈုမာရ်ကိုမအောင်ကြောင်းရှင်းလင်းစွာသိရလေသည်။ ။ ကျေးဇူးတင်ပါတယ် ဆက်လက်ကြိုးစားပါအုံးမယ် (မိုးကျော်သူ) ဤကဲ့သို့အကြောင်းအရာများကို ထောက်၍ စာရေးသူ တခါတလေ သိုင်းဝတ္တူဟု ခေါ်ဆိုမိတာကို စိတ်မဆိုးကြနဲ့နော်…….