Sunday, January 10, 2010

ရှင်ဂေါတာမသည် သူ၏အမျိုး အဇာတသတ်မင်းသားကို မကောင်းသော အကြံပေးသည်.

ရှင်ဂေါတမသည် ၀ါနှစ်ဆယ်မြောက်တွင်။ ဂိဇ္ဇကုဋ်တောင်မှာ သီတင်းသုံးနေစဉ် အခါ။ ကျောင်းဒယကာ ဖြစ်သော ဗိမ္မိသာရမင်းကြီးသားတော် အဇာတသတ် မင်းသည်၊ ဝေသာလီပြည်ကို၊ တိုက်ဖျက်လုယူမည်ဟုအကြံအစည် ပြုလုပ်သောအခါတွင်၊ တော်မည်၊ မတော်မည်ကိုသိလို၍၊ မိမိမင်းတိုင်ပင် အမတ်ဖြစ်သော၊ ၀ဿကာရပုဏ္ဏားအား စေလွတ်စေကာမေးသောအခါ၊ ရှင်ဂေါတမသည်၊ အဇာတသတ်မင်းသားအား၊ မတရားသောအမှုကို မပြုစေရန်၊ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးသင့် ပါလျှင်နှင့်၊ အဇာတသတ်မင်းကို တိုက်ကျွေးမမြစ်တားသည့် အပြင်၊ ၎င်းဝေသာလီပြည်ကို အဇာတသတ်မင်းသည်၊ သတိမထားဘဲ တိုက်မည်ကို စိုးသောကြောင့်။ သတိထား၍ ဝေသာလီပြည်ကို တိုက်စေရန်၊ ပရိယာယ် ဥပါယ်တံမျဉ်ဖြင့်၊ ၀ဿသာရပုဏ္ဏားအား မှာကြားလိုက်သည်မှာ၊ ဝေသာလီပြည် လိစ္ဆ၀ီပြည်သား၊ မင်းအပေါင်းတို့သည်၊ အစည်းအဝေးနှင့်တကွ တညီတညွတ်တည်း ရှိကြကုန်၏၊ ထို့ကြောင့်၊ ၎င်းလိစ္ဆ၀ီမင်းတို့ကိုအဇာတသတ်သည်၊ ဖြားယောင်း သွေးဆောင်၍ ထိုမင်းတို့၏ အစည်းအဝေးကိုပျက်ပြားစေရန်၊ ရှေးဦးစွာမပြုပါက၊ ၎င်းနည်းမှအပ၊ အဘယ် စစ်လက်နစ်နှင့် မဖြိုခွင်းနိုင်ပေ ဟူ၍ ရှင်တော်ဂေါတမက ဖြေကြားလေ၏၊ ထိုစကားကို ၀ဿကပုဏ္ဏားသည်။ အဇာတသတ်မင်းသား အားကြား လျှောက်လေလျှင်၊ အဇာတသတ်မင်းသည်၊ ၀ဿကပုဏ္ဏားနှင့် တိုင်ပင်ပြီးလျှင်။ ၎င်းမင်းသားတို့၏ အစည်းအဝေးကို ပျက်ပြားစေရန်၊ ရှင်တော်ဂေါတမ အကြံပေးသည့်အတိုင်း ၀ဿကပုဏ္ဏားကို စေလွတ်၍။ လိစ္ဆ၀ီမင်းသား တို့အား ပရိယာယ် ပြုစေ၍ အမျိုးမျိုးသော စကားတို့ဖြင့်၊ တယောက်တခြားစီ ဂုံးချောပြောသောအခါမင်းသား တို့သည် အစည်းအဝေး ပျက်၍။ မညီမညွတ် မသင့်မသင့်ရှိသော အခါ။ အဇာတသတ်မင်းသားသည်၊ ၎င်းဝေသာလီပြည်ကို လက်ရနိုင်ငံအဖြစ် အမြန်သိမ်းလေ၏။ ရှင်ဂေါတမ၌။ မေတ္တာ၊ ကရုဏာ၊ သစ္စာတရားတို့နှင့်မပြည့်စုံသည်အပြင် မကောင်းသောသူအား မကောင်းသော အကြံအစည်များကို ပေးတတ်သည်ကို၊ အထက်ပါအရာကို ထောက်၍သိရပေသည်။ ထိုကဲ့သို့အဇာတသတ်မင်းအား ရှင်ဂေါတမအကြံ ပေးသောအရာသည်၊ ၀စီဒုစရိုက်လေးပါးတို့တွင် မုသာဝါဒကံ၏ အင်္ဂါမြောက်လေသည်ဟု၊ ဗုဒ္ဓဘာသာဓမ္မနိယာမ တရားအတိုင်း ကောက်ယူရပေလိမ့်မည်၊ ကောက်ယူပုံကား။ မုသာဝါဒေါတိ၊ မုသာဝါဒကံဟူသည်ကား၊ ၀သံဝါဒနပုရောက္ခာရဿ၊ ချွတ်ယွင်းစေခြင်းအလို့ငှာ အလိုရှိသောသူ၏၊ အတ္တအဉ္စနကာ၊ အကျိုးစီးပွားကို ဖျက်ဆီးတတ်သော၊ ကာယ၀စီပရောက၊ သမုဌာပိကာ၊ ကိုယ်ပယောဂ၊ နှုတ်ပယောဂကို ဖြစ်စေတတ်သော၊ အကုသလစေတနာ၊ အကုသိုလ် စေတနာသည်၊ မုသာဝါဒေါနာမ၊ မုသာဝါဒမည်၏၊ သော၊ ထိုမုသာဝါဒသည်၊ ပရဿ၊ သူတပါး၏၊ အတ္တအဉ္စန တောယေ၀၊ အကျိုးစီးပွားကို ဖျက်ဆီးသော်သာလျှင်၊ ကမ္မပဌော၊ ကမ္မပဌမြောက်၏၊ ဤသို့ပိဋကတ်၊ ၀ိနည်း၊ သိက္ခာပုဒ်တို့တွင် ပြဆိုသောကြောင့်၊ ရှင်တော်ဂေါတမသည်၊ မုသာဝါဒကံနှင့် မလွတ်ဟုဆိုဖွယ်ရန် ရှိလေသည်။