Wednesday, January 20, 2010

စာရေးသူကိုယ်တိုင်ပင် သိပ္ပံအား အပြည်အ၀မှန်ကန်သည့်ဟု မဆို

ကျွန်တော်ဒီစာကို ရေးဖြစ်တာကတော့ ဗုဒ္ဓဘာသာဝင်တွေ ဆယ်ယောက်မှာ မဆဲတတ်တဲ့ တစ်ယောက်ကို သွားတွေ့လို့ သူ့ကိုဂုဏ်ပြုသော အားဖြင့် သူရေးထားစကားများကို ဖြေကြားလိုက်ပါတယ်.. စိတ်မဆိုးနဲ့နော် စာရေးသူက စကားအပြောအဆို မတတ်တာလည်း ပါကောင်းပါလိမ့်မယ်.


မျက်မှန်လေး (နာမည်ကတော့ မျက်မှန်လေး ဖြစ်ပါတယ်)
ကျွန်မက ဗုဒ္ဓဘာသာ ကိုသက်ဝင်ယုံကြည်တဲ့သူတစ်ယောက်ပါ။ ကျွန်မမဆဲတတ်ပါဘူး။
ရှင့်ဘလော့ခ်ကိုလည်း ဒါရောက်တာပထမဆုံးပါ။

ကျေးဇူးတင်ပါတယ်ဗျာ... ဆယ်ယောက်မှာ မဆဲတတ်တဲ့ တစ်ယောက်ဖြစ်တဲ့ ခင်ဗျားကိုလည်း ကျေးဇူးတင်ပါတယ်... မဆဲတတ်အောင် ဆက်လက်နေပါ
.

တစ်ခါတစ်ရံကျရင် သိပ္ပံ နည်းကျတွက်လို့မရတဲ့ ကိစ္စတွေ လောကကြီးမှာ အများကြီးပါ။

ဟုတ်ပါတယ် လက်ခံပေးပါတယ်.. ဒါပေမဲ့ ကိန်းဂဏာန်းများနဲ့ ပတ်သက်လာရင်တော့ သိပ္ပံက တွက်ပေးလို့ရပါတယ်. ကမ္ဘာမြေကြီးအောက်မှာ ငရဲရှိသည့်ဟု အဆို၊ ရှင်ဂေါတာမ၏ အရပ်အမောင်း၊ မြင့်မိုရ်တောင်၏ အမြင့် သမုဒ္ဒရာထဲ၌ နစ်ဝင်နေသော အောက်ခြေအပိုင်း၊ နောက်များ ပိဋကတ်ကျမ်းတို့မှာ ဆိုထားသည့် ကိန်းဂဏာန်းမှားယွင်းများစွာကို သိပ္ပံနည်းကျကတော့ တွက်ချက်ပေးလို့ရပါတယ်ဗျာ..

ဥပမာ...ဒီက စာရေးသူ ကျိုက်ထီးရိုးစေတီတော်ကို တစ်ခေါက်လောက်သွားကြည့်စေချင်ပါတယ်။ စေတီတည်နေတဲ့ နေရာက ကျောက်တောင်နဲ့လွတ်နေပါတယ်။ အဲဒါကို သိပ္ပံ နည်းအရလုပ်လို့ရပါသလား ။

ကျောက်တောင်နှင့် လွတ်သည့်ဟုသော စကားကို လုံးဝမလက်ခံပါဘူး စာရေးသူကိုယ်တိုင် မရောက်ဖူးခဲ့သောလည်း စာရေးသူ၏ အကိုတ၀မ်းကွဲက ရောက်ဖူး၍ ပြောပြခဲ့သည့်မှာ ကျောက်တုံးနှင့်လွတ်သည့်ဟု ပြောသောစကားမှာ လုံးဝမှားယွင်းနေပါတယ်ဆိုတဲ့ အကြောင်းကို သူ့ထံမှ သိရပါတယ်.... သူက ကျွန်တော်ထက် ရုပ်တိဆန်သော အကြောင်းအရာများကို လက်ခံသူ တဦးဖြစ်ပါတယ်..... တကယ်လို့ အောက်ခံကျောက်တုံးနှင့် လွတ်နေပါသည်ဟု တကယ်ဆိုလျှင် ယနေ့ပင် ကမ္ဘာအားမောင်းခတ် စည်းတီးပြီ အသိပေး ဖော်ထုတ်လိုက်ပါခင်ဗျာ.. .(ဗုဒ္ဓဘာသာဝင်များ တကယ်ဟုတ်လျှင် သူထက်ဌါ အကြွားသန်ကြောင်းကို စာရေးသူ ကိုယ်တိုင် သိမြင်ခဲ့ပြီးဖြစ်ပါတယ်) မျက်မှန်လေးက စိန်ခေါ်ပြီး လုပ်လို့ ရလားလို့ ပြောလာတော့ ရော့ဗျာ ဒီလင့်လေးမှာ သွားကြည့်လိုက်ဗျာ.. http://www.stonebalancing.com/stones-gallery.php ပုံများကို အမှတ်စဉ် ၁ကနေ ၁၀ ထိတိုင် တွေ့ရပါလိမ့်မယ်... အမှတ်စဉ် (၉)မှာဆိုရင် ဘုန်းကြီးများကိုယ်တိုင် စမ်းသပ်ပြီးတင်နေကြသည်ကို တွေ့ရပါလိမ့်မယ်.. ဒါကိုမှ မကျေနပ်သေးဘူးဆိုရင် Balance Stone ဟု ဂိုဂယ်ထဲမှာ ရိုက်၍ ရှာနိုင်ပါတယ် မျက်မှန်လေး ရေ....
လွတ်လာ မလွတ်လားဆိုတာ ပုံကိုကြည့်ပါ. ဗုဒ္ဓဘာသာဝင်တွေ့ကသာ အထူးအဆန်းလုပ်နေတာပါ.... ကမ္ဘာက အရေးတောင် မလုပ်ပါဘူးဗျာ.... သွားကြည့်လို့ တွေ့ရမဲ့ပုံတွေက လုံးဝ photoshop များနှင့်လုပ်ထားတာ မဟုတ်ပါဘူး... photoshop နှင့် လုပ်မယ်ဆိုရင် http://www.stonebalancing.com/ ဆိုတဲ့ ၀က်ဆိုဒ်ကို ထောင်ပြီး အရှက်ပဲ ကွဲသွားပါလိမ့်မယ်... သူတို့ရိုက်ကူးထားတဲ့ ပုံများကို တကယ်ဖြစ်လို့ ပုံများကို ၀ယ်ယူလိုရမယ်လို့ Buy this image at the Stonebalancing shop (စတုန်းဘေလမ်းစင်း(စ်)ရှော့မှာ ဒီပုံကို ၀ယ်ပါလို့ ရေးထားပါတယ်ဗျာ)


ဘယ်ပုံက ပိုပြီးရင်သက်ရူမောဖွယ်ကောင်းလဲ????

ဒါက ကျိုက်ထီးရိုးက ပုံနော်....
(အပ်ချည်ကြိုးကို ဆွဲရင် ဟိုဘက်ဒီဘက်အကုန်ဆွဲရပါလိမ့်မယ်.. ဟိုတဘက်ခြမ်းက ချိုင့်ရှိပါတယ် ကျန်တဲ့ချိုင့်ဘက်မှာ ဘယ်သူရပ်နိုင်လို့ လွတ်နေတယ်လို့ သိနိုင်ရတာလဲ...လွတ်နေတဲ့ နေရာကို ဆွဲပြီး အောက်ခြေလွတ်တယ်လို့ မပြောပါနဲ့ဗျာ)
http://www.stonebalancing.com/stones-gallery.php (ဒီနေရာက သူထက်တောင် တင်ထားတာ လှသေးတယ်နော်)



လူတိုင်းမှာ ကိုယ့်အမြင်နဲ့ ကိုယ်ရှိကြပါတယ်။
သူများတကာရဲ့ဘာသာ ရေး (အထူးသဖြင့် မြန်မာပြည်မှာမွေးပြီး မြန်မာပြည်သူတွေ အများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ) ကို မပုတ်ခတ်မစော်ကားသင့်ဘူးလို့ထင်ပါတယ်။

မှန်ပါတယ် လူတိုင်းဟာ အမြင်ကိုယ်စီရှိကြပါတယ်.. လွတ်လပ်စွာနဲ့ ကိုးကွယ်နိုင်သလို လွတ်လပ်စွာနဲ့လည်း ဝေဖန်နိုင်ပါတယ်အကြောင်း ပြောချင်ပါတယ်. ကျတော် မြန်မာလူမျိုးများအား မကောင်းဘူးလို့ တခွန်းတလေမှ စာရေးသူမပြောခဲ့ပါ.. ဘာကြောင့်လဲဆို ကျွန်တော်ကိုယ်တိုင် မြန်မာလူမျိုးပါ (မယုံရင် အရမ်းခင်သွားရင်ကျွန်တော့မှတ်ပုံတင် ပြမယ် မှတ်ပုံတင်ထဲမှာ မြန်မာလူမျိုးလို့ ရေးထားတယ် ဟဲဟဲ) ကျွန်တော်ပုတ်ခတ်ပြောဆိုသည်မှာ မြန်မာလူမျိုးမဟုတ်သော တိုင်းတပါးသားကို ပုတ်ခတ်ပြောဆိုခြင်းဖြစ်ပြီး မြန်မာလူမျိုးအချင်းချင်း ပြန်လည်လိမ်စားနေသော ဘုန်းကြီးများကိုသာ အဓိကပစ်မှတ်ထား၍ ပုတ်ခတ်ရေးသားသည့်ဟု စွပ်စွဲသည့်ထက် သူတို့၏ အလိမ်အညာများကို ဖော်ထုတ်နေသောသူဟု သတ်မှတ်ပေးလျှင် ပို၍ ကောင်းပါလိမ့်မည်.


နောက်တစ်ခုက လောကီဆန်တဲ့ ကိစ္စတွေတော်တော်များများကို ဘယ်သိပ္ပံ ပညာရှင်ကမှ မလုပ်နိုင်မတီထွင်နိုင်ပါဘူး။

ဒီနေရာမှာ စာရေးသူကိုယ်တိုင် လက်ခံပေးလို့၇တဲ့ အချက်များစွာရှိပါတယ်... ဥပမာအားဖြင့် အန္တာတိတ်သမုဒ္ဒရာ တနေရာလောက်မှာ သွေးရေများ စီးကျသည်ကို ယခုထိသိပ္ပံပညာရှင်များ အဖြေမထုတ်ပေးနိုင်သေးပါ... တြိရိဂံ (စာရေးသူ ရေးသော စာသားမှားနိုင်သည်) Triangle Land ဆိုတဲ့နေရာမှာ ဤနေမြေပေါ်မှာ လေယာဉ်ပျံသန်းသွားလျှင် ပျောက်သွားသည့်ဟု ကြားသိဖူးခဲ့ပါတယ်... နောက်သဲကန္တာရ မြေထဲမှာ မြေကြီးမှ ရေများဟာ အစဉ်မပြတ်ထွက်ရှိသည်ဟုလည်း ကြားဖူးခဲ့ပါတယ်... ဒါကိုလည်း သိပ္ပံပညာရှင်များ အဖြေမထုတ်နိုင်သလို ဖန်လည်း မဖန်တီးနိုင်သေးပါဘူး..

နောက်ဆုံးတစ်ခုက လူ့သဘာဝကိုက လွယ်ကူတဲ့နေရာမှာပဲ လူတွေစုနေတတ်ပြီး တကယ် ခက်ခက်ခဲခဲ ကျင့်သုံးရတဲ့ ဒီဘာသာ ကိုကိုးကွယ်တာ လူနည်းစုဖြစ်နေတာမဆန်းပါဘူး။
လိုက်နာရမယ့်စည်းကမ်းတွေများတာကို။

ဤနေရာတွင် မျက်မှန်လေး အမှားအယွင်းအမြင်သာဖြစ်သည်ဟု ပြောပါရစေဗျာ... ဗုဒ္ဓဘာသာဝင်များသာ ခင်ဗျားတို့အကျင့်က ခက်ခဲလာပြီဟု ထင်နေကြတာပါ။ ကိုးကွယ်တဲ့ ဘာသာတရားတိုင်းမှာ ခက်ခဲမူများစွာ၇ှိသည်ကို မျက်မှန်လေး အနေနဲ့ မသိလို့ ကိုယ်တိုင် မကျင့်ဘူးလို့ အမြင်စောင်းတာပါ။ အခြားဘာသာဝင်များရဲ့ နက်ရိုင်းသော အကျင့်များကို လေ့လာကြည့်ပါအုံး သူငယ်ချင်းတို့ရဲ့ အမြင် ဘုန်းကြီးများရဲ့ သြ၀ါဒစကားများအပေါ်မှာ အခြေခံပြီး ကျန်ရှိသည့် ဘာသာဝင်များအား ဤသို့ မမြင်သင့်ပါဘူး...


ဗုဒ္ဓဘုရားက ဟောကြားတဲ့ထဲမှာ မကောင်းတာလုပ်ပါ လို့ တစ်ခုမှ မပါပါဘူး။ ဘုရားဟောတဲ့နည်းလမ်းအတိုင်း လိုက်ကျင့်ကြံရင် အားလုံးဟာလူသူတော်ကောင်းလေးတွေဖြစ်လာမှာပါ။
လူမကောင်းတာနဲ့ သူကိုးကွယ်တဲ့ ဘာသာမကောင်းဘူးလို့ ပြောလို့မရပါဘူး။

ဟုတ်ပါတယ်.ဗုဒ္ဓရဲ့ အဟောအပြောကို လူတိုင်းသာ လိုက်နာကျင့်နာရရင်လည်း အကုန်တောထွက်ပြီး တရားကျင့်ဖို့ပဲ ၇ှိပါတော့တယ်.... သူ့၇ဲ့ သြ၀ါဒတွေမှာ လူအများနဲ့ ပေါင်းသင်းဆက်ဆံတတ်အောင်၊ မိသားစုများ၏ အိမ်ထောင်ရေးဆိုင်ရာများ များစွာသော အချက်အလက်များကို ဤသို့သော သွန်သင်မူများကို လုံးဝမတွေ့ရှိရပါဘူး.. သူသွန်သင်ခဲ့ စကားများဟာ အရမ်းပင်လွယ်ကူလှပါတယ်... ကောင်းတာလုပ်လျှင် ကောင်းတာရမည်ဟုသော စကားသည် (၅)နှစ်ကလေးငယ်ပင် သိပါတယ်.. သူရဲ့အချုပ်က ဘာကိုမှ စွဲလမ်းခြင်း မရှိရဘူးဟုဆိုထားလေသောအခါ အိမ်ထောင်သည် ကလေး(၃)ယောက်အဖေလိုလူမျိုးကြတော့ ကိလေသာတဏာမက်မောကင်းစင်ရန် တောထွက်တရားကျင့်မယ်ဆိုရင် ကလေး၊ မိန်းမများဟာ ငတ်ပြတ်သေရုံပဲ ရှိပါတော့မယ်ဗျာ.... တဦးတယောက်တကောင်ကြွက်တမျက်နှာလူမျိုး ကိုယ့်အပေါ်မှာ မှီခိုအားထားစရာ မရှိသောသူများ အဖို့ဆိုရင်တော့ သူ့ရဲ့ အကျင့်နဲ့ ကိုက်ညီကောင်း ကိုက်ညီပါလိမ့်မယ်.. ဤသို့သော အချက်အလက်များကို ထောက်၍ စာရေးသူက တကိုယ်ကောင်းဆန်သည့် အကျင့်ဟု စွပ်စွဲလျှင် လွန်မည်မဟုတ်ပါ.. လူမကောင်းတာနဲ့ ဘာသာကို မကောင်းဘူးဆို၍ စွပ်စွဲခြင်းမဟုတ်ပါဘူး ဗုဒ္ဓကျမ်းဂန်များ၏ အဆိုအမိန့်မှားယွင်းများကို ဖော်ထုတ်နေသည်ကို မျက်မှန်လေး အနေနဲ့လည်း တွေ့ရှိရပါလိမ့်မယ်.. ဘုန်းကြီး များစွာ၇ဲ့ လိမ်ညာမူကို လူအများတကာ သိနိုင်ပါတယ်.... သူတို့ကိုယ်တိုင် အမှားအယွင်းများရှိသည်ကို မဖော်ထုတ် မ၀န်ခံဘဲ ရေငုံနှတ်ပိတ်လျက် ဗုဒ္ဓဘာသာကို အသက်သွင်းနေတာကို လူအများသိစေရန် ကျတော်က တတ်နိုင်သည့်ဘက်မှ ဖော်ထုတ်ပေးသည်ကို တွေ့ရမှာ ဖြစ်ပါတယ်...